Blood Brothers
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ ရာဇဝတ်မှု အက်ရှင်ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ ''Blood Brothers (2007) ''ဆိုတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အားဖုန်းနဲ့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ အားကန်နဲ့ အားဟူ တို့ဟာ ရှန်ဟိုင်းမြို့ကြီးမှာ အောင်မြင်မှုရှာဖို့အတွက် သူတို့ရဲ့ ကျေးလက်တောရွာကနေ အတူတူ ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့ကြီးပြကြီးရဲ့ လူနေမှုဘဝက သူတို့ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ သူတို့ဟာ အခွင့်အရေးတစ်ခုကြောင့် "Club Paradise" ထင်းထျန်ကလပ် နဲ့ ရက်စက်လှတဲ့ ဂိုဏ်းစတားခေါင်းဆောင် သူဌေးဟုန်နဲ့ မဆုံတွေ့ခင်အထိ ဒုက္ခမျိုးစုံနဲ့ ရုန်းကန်ခဲ့ကြရပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ ဒုစရိုက်လောကမှာ အားကန်က သူရရှိလာတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို သဘောကျ နှစ်ခြိုက်နေချိန်မှာ အားဖုန်းနဲ့ အားဟူ တို့ကတော့ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေကြားထဲမှာ စိတ်မသက်မသာ ဖြစ်လာကြပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းသုံးယောက်ကို မတူညီတဲ့ လမ်းကြောင်းတွေပေါ်ကို ဖြည်းဖြည်းချင်း တွန်းပို့လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အခြေအနေတွေ ပိုဆိုးသွားတာက အားဖုန်းက ဂိုဏ်းစတားခေါင်းဆောင် သူဌေးဟုန်ရဲ့ မိန်းကလေးဖြစ်သူ နိုက်ကလပ်အဆိုတော် လုလုကို ချစ်မိသွားတဲ့အခါမှာပဲ ဖြစ်ပါတယ်။ သူဌေးဟုန်က သစ္စာဖောက်တာကို သိသွားတဲ့အခါမှာတော့ အကုန်လုံးကို အပြတ်ရှင်းဖို့ အားကန် ခိုင်းပါတော့တယ် နောက်ဆုံးမှာတော့ ချမ်းအေးလှတဲ့ ရှန်ဟိုင်းညတစ်ညမှာ သူငယ်ချင်း ညီအစ်ကိုတွေဟာ တစ်ယောက်နဲ့တစ်ယောက် သေနတ်ချင်း ထိပ်တိုက်ရင်ဆိုင်ရင်း ဆုံတွေ့ကြရပါတော့တယ်။ သူငယ်ချင်း ညီအစ်ကိုတွေကြားမှာ စည်းစိမ်ချမ်းသာ အာဏာနဲ့ လောဘတွေ လိုက်ပါလာတဲ့ အခါမှာတော့ ဘာတွေ ဆက်ဖြစ်မှာလဲ... လူတွေရဲ့ လောဘနဲ့ အာဏာမက်မောမှုကြောင့် ပျက်စီးသွားရတဲ့ ဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း