ဇာတ်ကားများ ရွေးရန်

Heartman: Rock and Love or No Kids

2026ဇာတ်ကားWeb-dl 1080p

ချွဲဆွန်းမင်းဟာ တက္ကသိုလ်ကျောင်းသားဘဝတုန်းက Ambulance လို့ခေါ်တဲ့ ရော့ခ်တီးဝိုင်းတစ်ခုရဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး အခုအခါမှာတော့ တူရိယာပစ္စည်းအရောင်းဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားတဲ့ သမီးတစ်ယောက်ဖခင် တစ်ခုလပ်တစ်ဦးဖြစ်နေပါပြီ။ ဆွန်းမင်းဟာ သူ့ရဲ့လူငယ်ဘဝမှာ ဟန်ဘိုနာ ဆိုတဲ့ ကောင်မလေးကို တိတ်တခိုး သဘောကျခဲ့ရပေမဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အရှက်ရစရာ မတော်တဆမှုတစ်ခုဖြစ်ခဲ့လို့ ချစ်ရေးမဆိုနိုင်ခဲ့ဘဲ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ နှစ်တွေအကြာကြီး ကွာဟသွားပြီးနောက်မှာတော့ ဆွန်းမင်းဟာ သူ့ရဲ့အချစ်ဦး ဘိုနာနဲ့ မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ နှစ်ယောက်သားကြားမှာ အချစ်မီးတောက်လေး ပြန်လည်တောက်လောင်လာဖို့ အခွင့်အရေးရလာပေမဲ့ အကြီးမားဆုံး အဟန့်အတားကတော့ ဘိုနာဟာ ကလေးတွေကို လုံးဝမနှစ်သက်ဘဲ "No-kids" လူနေမှုပုံစံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသူ ဖြစ်နေတာပါပဲ။ ဘိုနာ့ကို ထပ်ပြီးမဆုံးရှုံးချင်တော့တဲ့ ဆွန်းမင်းဟာ သူချစ်ရတဲ့ သမီးလေး ဆိုယောင်းရှိနေတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အချစ်ဦးကို ပြန်လည်ရရှိဖို့နဲ့ သမီးလေးရှိနေတဲ့အကြောင်းကို လျှို့ဝှက်ထားဖို့ ကြိုးစားရင်း ဆွန်းမင်းတစ်ယောက် ဘယ်လိုမျိုး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားတဲ့ဇာတ်ကားပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ​ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း