ဇာတ်ကားများ ရွေးရန်

Salbardi

2026ဇာတ်ကားWeb-dl 1080p

ဆိတ်ငြိမ်ပြီး အေးချမ်းလှတဲ့ ဆာလ်ဘာဒီဆိုတဲ့ ကျေးရွာလေးတစ်ခုမှာ မသင်္ကာစရာကောင်းတဲ့ မတော်တဆ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ ရေနစ်သလိုလို၊ ကန်ထဲပြုတ်ကျသလိုလိုနဲ့ ၈ နှစ်အရွယ်ကလေးတွေ တယောက်ပြီးတယောက် သေဆုံးနေတာပါ။ ဒီအမှုတွေကို စုံစမ်းစစ်ဆေးဖို့ ရဲအရာရှိတစ်ယောက် ရောက်ရှိလာပြီး စုံစမ်းတဲ့အခါမှာတော့ ရွာခံတွေရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ရှေးဟောင်းသမိုင်းကြောင်းတွေကို တွေ့လာရပါတယ်။ စုံစမ်းစစ်ဆေးမှု နက်ရှိုင်းလာလေလေ ရွာသားတွေရဲ့ ရှေးရိုးစွဲအယူအဆတွေ၊ အယူသီးမှုတွေ၊ နိုင်ငံရေးအရ ဖိအားပေးမှုတွေနဲ့ ကျေးရွာအတွင်းက အာဏာလုပွဲတွေကြားထဲ အမှုက ပိုရှုပ်ထွေးပြီး အန္တရာယ်များလာလေဖြစ်ပါတယ်။ ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ နောက်ကွယ်က ကွင်းဆက်တရားခံ အစစ်အမှန်က ဘယ်သူလဲ၊ ရွာသားတွေ ဖုံးကွယ်ထားတဲ့ အတိတ်က အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်က ဘာလဲဆိုတာကို ဖော်ထုတ်မယ့် စိတ္တဇဆန်းကြယ် မှုခင်းသည်းထိတ်ရင်ဖို ရုပ်ရှင်လေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း