ဇာတ်ကားများ ရွေးရန်

Hor Taew Tak: Haek Lee Hu or Oh My Ghost Becoming Li Hu

2025ဇာတ်ကားWeb-dl 1080p

အခုတစ်ခေါက် ဇာတ်ကားလေးကတော့ Oh My Ghost Becoming Li Hu ဆိုတဲ့ ထိုင်းဟာသ နန်းတွင်းကားလေးပဲ ဖြစ်ပါတယ်။ သဲအူနဲ့သူရဲ့သားကွိုင်တို့ဟာ တရုတ်ပြည်ကို အချိန်ခရီးသွားရင်း ကြုံတွေ့ရတဲ့ ရယ်မောဖွယ်ရာ အခက်အခဲတွေကို ရိုက်ကူးထားတဲ့ အချိန်ခရီးသွားကားလေး ဖြစ်ပါတယ် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Oh My Ghostဇာတ်ကားတွေထဲက နောက်ထပ်အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ တရုတ်ပြည် သာ့ရှန်းပြည်မှာ မိဖုရားခေါင်ကြီးလီဟူ အဆိပ်ခတ်ပြီး လုပ်ကြံခံလိုက်ရပါတယ် မိဖုရားကြီး လုပ်ကြံခံရမှုဟာ တိုင်းပြည် အရှုပ်အထွေး ဖြစ်စေမှာစိုးတဲ့အတွက် မိဖုရားကြီးနဲ့ ရုပ်ချင်းတူတဲ့ သဲအူက မိဖုရားခေါင်ကြီး နေရာမှာ အစားဝင်ဖို့ဖြစ်လာပါတယ်။ နန်းတွင်းရဲ့ အရှုပ်တော်ပုံကြားမှာ မလည်မဝယ်နဲ့ ရောက်လာတဲ့ သဲအူတို့သားအမိ အလွဲပေါင်း သောင်းခြောက်ထောင်နဲ့ သာ့ရှန်းပြည်ကို ဝင်မွှေပါတော့တယ် ကြင်ယာတော်တွေကြားက ယုတ်မာမှု မနာလို ဝန်တို ပြိုင်ဆိုင်မှုတွေ နန်တွင်းမိန်းမဆိုးကြီး ထန်ကုန်းကုန်းရဲ့ နောက်ကွယ်က ယုတ်မာပုံတွေ အာဏာကို လိုချင်တပ်မက်ကြတဲ့ အိမ်ရှေ့စံမင်းသားနေရာကို အပြိုင်လုကြတဲ့ မိဖုရားငယ်တွေရဲ့သားတွေ...စတဲ့ နန်းတွင်းရေးရာတွေ အပြင် လုပ်ကြံခံရပြီး သေသွားတဲ့ မိဖုရားငယ်လေး ကျောက်လုရှီးရဲ့ဝိညာဥ်က မကျွတ်လွတ်ဘဲ သရဲမဖြစ်ကာ ပြန်လည်လက်စားချေပုံတွေ စတဲ့ ဒီလိုစိတ်ဝင်စားစရာတွေကို ကြည့်ရဖိုရမယ့်အပြင် မိဖုရားခေါင်ကြီးလီဟူ အတုနဲ့ အစစ် အားပြိုင်ပုံတွေကိုပါ တဝကြီး ကြည့်ရှုရမယ့်.... နောက်ဆုံးမှာ သဲအူတိူ့ သားအမိ အချိန်ခရီးသွားကနေ ဒီဘက်ခေတ်ကို ပြန်လာနိုင်မလား ဘယ်သူက အိမ်ရှေ့စံဖြစ်သွားမလဲ နန်းတွင်းအားပြိုင်မှုတွေကို ကြည်ရမယ့်အပြင် ရယ်လည်း ရယ်ရ တဲ့ ထိုင်းဟာသကားလေးကို အခုပဲ ကြည့်ရှုလိုက်ပါနော် စိတ်ပေါ့ပါးစွာဖြင့် ရယ်မောပျော်ရွှင်ချင်သူများအတွက် အထူး သင့်လျော်တဲ့ ဟာသရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း