ဇာတ်ကားများ ရွေးရန်

Satluj or Punjab '95

2026ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဒီဇာတ်ကားလေးကတော့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ပန်ဂျပ်ပြည်နယ်ရဲ့ နိုင်ငံရေးနောက်ခံအခြေအနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒီကာလက ပန်ဂျပ်ပြည်နယ်မှာ ရဲတပ်ဖွဲ့တွေက သူပုန်တွေကို နှိမ်နှင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အာဏာကုန် ရယူပြီး ရာထူးတက်ရေးအတွက် အပြစ်မဲ့ပြည်သူတွေကို သူပုန်စာရင်းသွင်းပြီး တရားလက်လွတ် သတ်ဖြတ်နေတဲ့အချိန်ပါ။ အခြေအနေမှန်ကို သာမန်ဘဏ်စာရေး ဂျက်ဆဝမ်ဆင်းက သိသွားချိန်မှာ ရဲတွေရဲ့လုပ်ရပ်ကို ဖော်ထုတ်ပြီး အထက်ကို တိုင်းကြားခဲ့ပါတယ်။ ဂျက်ဆဝမ်ဆင်း အတွက် ထောက်ခံသူတွေ များပြားလာပြီး နိုင်ငံတကာက ဒီကိစ္စကို စိတ်ဝင်စားလာချိန်မှာ ရုတ်တရက် ဂျက်ဆဝမ်ဆင်းက ပျောက်သွားခဲ့ပါတယ်။ သူ့ကို ရှာဖို့ CBI က အရာရှိ ဆာမူဒရာဆင်း ရောက်လာချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂျက်ဆဝမ်ဆင်း အဖြစ် မင်းသား Daljit Singh Dosanjh ၊ CBI ရဲအရာရှိ ဆာမူဒရာဆင်း အဖြစ် မင်းသား Arjun Rampal နဲ့ ပါမီ အဖြစ် မင်းသမီး Veer Abhinav တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း