ဇာတ်ကားများ ရွေးရန်

Ikka

2026ဇာတ်ကားWeb-dl 1080p

ဒီကားကတော့ ရှေ့နေတစ်ယောက်ရဲ့ အမှန်တရားနဲ့ မိသားစုကြားက လွန်ဆွဲမှုတွေကို အရမ်းကို ရင်တမမဖြစ်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ။ သူက အပြစ်မရှိသူတွေဘက်ကပဲ အမြဲရပ်တည်ပြီး ရှုံးပွဲမရှိဖူးတဲ့ နာမည်ကြီးရှေ့နေကြီးပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ လုံးဝမလုပ်ချင်တဲ့ အမှုတစ်ခုကို လက်ခံလိုက်ရတယ်။ အဲဒါက လူတွေရဲ့အမြင်မှာ အပြစ်ကြီးကြီးမားမား ကျူးလွန်ထားတဲ့ သူဌေးသားတစ်ယောက်ရဲ့အမှုပဲ။ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်နေပေမဲ့လည်း ကိုယ့်ကလေးငယ်ရဲ့ အသက်အန္တရာယ်ကို ကယ်တင်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်နေတဲ့အတွက်ကြောင့် အမှုကို မဖြစ်မနေ လက်ခံလိုက်ရချိန်မှာ ဇာတ်လမ်းက တကယ့်ကို အရှိန်တက်လာတော့တာပဲ။ တရားခွင်ထဲက အပြန်အလှန် စကားစစ်ထိုးပွဲတွေ၊ တစ်ယောက်နဲ့တစ်ယောက် အကွက်ဆင်နေတာတွေ၊ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကတော့ တကယ့်ကို ကြည့်ရတာ အရသာရှိလွန်းတယ်။ ဥပဒေရဲ့ အပေါက်လေးတွေကို အသုံးချပြီး အနိုင်ယူဖို့ ကြိုးစားတာတွေ၊ အမှန်တရားကို ဖော်ထုတ်ဖို့ ရုန်းကန်နေရတာတွေကို ကြည့်ရတာ ကြည့်ရှုသူတွေကို မျက်တောင်တောင် မခတ်ရဲအောင် ဆွဲဆောင်ထားနိုင်တယ်။ ကိုယ်ကျင့်တရားနဲ့ သံယောဇဉ်ကြားမှာ စဉ်းစားရခက်နေတဲ့ အခြေအနေမျိုးတွေမှာ နောက်ဆုံး တရားမျှတမှုက ဘယ်သူ့ဘက်မှာ ရှိမလဲဆိုတာကို ရင်တမမနဲ့ ဆက်ကြည့်ရမဲ့ စိတ်လှုပ်ရှားဖွယ် မှုခင်းဒရာမာ ကားကောင်းတစ်ကားဆိုတာ အသေအချာပဲဖြစ်လို့ ကြည့်ကြဖို့အတွက်ညွှန်းချင်ပါတယ်။

ဇာတ်လမ်းအကြောင်း