ဇာတ်ကားများ ရွေးရန်

Ek Din

2026ဇာတ်ကားWeb-dl 1080p

အချစ်ကိုယုံကြည်ပြီး ရင်ခုန်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေကို နှစ်သက်သူဆိုရင်တော့ ဒီကားလေးက အပြည့်အဝ ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းအစမှာ လူတွေရဲ့ သတိထားမိခြင်းကို မခံရတဲ့ သာမန်ကောင်လေးတစ်ယောက်ဟာ သူနဲ့ အဆင့်အတန်း အရမ်းကွာခြားလှတဲ့ ရုံးက နတ်သမီးလေးလို ကောင်မလေးတစ်ယောက်ကို တိတ်တိတ်လေး သဘောကျနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ ရုံးအဖွဲ့ ဂျပန်နိုင်ငံကို အပျော်ခရီးထွက်လာချိန်မှာ ကောင်မလေးရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်အချစ်ရေးက ပြိုလဲသွားခဲ့ပြီး အသည်းကွဲဝမ်းနည်းစွာနဲ့ နှင်းတောထဲမှာ မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ သူ့ကို အမြဲဂရုစိုက်နေတဲ့ ကောင်လေးက အချိန်မီ ကယ်တင်နိုင်ခဲ့ပေမဲ့ ဆေးရုံမှာ သတိလည်လာချိန်မှာတော့ ကောင်မလေးဟာ ယာယီမှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါ (TGA) ကို ခံစားလိုက်ရပြီး သူ့ရဲ့ချစ်သူအစစ်က ဒီကောင်လေးပဲလို့ အထင်မှားသွားခဲ့ပါတော့တယ်။ ဆရာဝန်ရဲ့ ပြောကြားချက်အရ ကောင်မလေးဟာ ဒီနေ့မှာဖြစ်ပျက်သမျှ အရာအားလုံးကို နောက်တစ်နေ့မနက် အိပ်ရာနိုးတာနဲ့ အကုန်လုံး ပြန်မေ့သွားမှာ ဖြစ်ပါတယ်။ ဒါကို သိနေတဲ့ ကောင်လေးက အမှန်တရားကို ချက်ချင်းဖွင့်ပြောမဲ့အစား ကောင်မလေးရဲ့ အချစ်ဆုံးချစ်သူနေရာကနေ ဝင်သရုပ်ဆောင်ပြီး ဂျပန်နိုင်ငံရဲ့ လှပတဲ့ဆီးနှင်းတွေကြားမှာ အချိုမြိန်ဆုံးနဲ့ အပျော်ရွှင်ရဆုံး နေ့လေးတစ်နေ့ဖြစ်အောင် ဖန်တီးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်နေ့မနက် ရောက်လာချိန်မှာ ဒီအမှတ်တရတွေ အားလုံးဟာ ရေခဲလို အရည်ပျော်ပျောက်ကွယ်သွားမှာကို သိသိရက်နဲ့ အချိန် တစ်ရက်တာအတွင်းမှာ ပေးဆပ်ချစ်ခင်ပြသွားတဲ့ ကောင်လေးရဲ့ အချစ်တွေကရော ကောင်မလေးရဲ့ နှလုံးသားထဲမှာ အရာထင်ကျန်ရစ်ခဲ့မလားဆိုတာကို ရင်ခုန်သံမြန်စွာနဲ့ ဆက်လက်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း