A Toxic Love Story
သမိုင်းတလျှောက် အဆိုးရွားဆုံး သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်း “ဘဝက ရုပ်ရှင် မဟုတ်ဘူး” ဆိုတာကို လူတိုင်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ဒရမ်မာတွေထက်ပိုပြီး ဒရမ်မာဆန်တဲ့ လှည့်စားမှု အပြည့်နဲ့ လက်တွေ့ဘဝက ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေးပါပဲ။ Toxic ဆန်ဆန် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ အီယန်နဲ့ အန်ဂျလာတို့ဟာ သူတို့ မျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ မိသားစုဘဝမှာ နေထိုင်နေရင်း တစ်ရက်မှာတော့ ခြိမ်းခြောက်တဲ့ အီးမေးလ်တစ်စောင် ရခဲ့ပါတယ်။ ရိုးရိုး ခြိမ်းခြောက် ငွေတောင်းတာမျိုး မဟုတ်ဘဲ “နင်က ငါ့ဘဝကို ခိုးထားတာ နင့်ကိုရော နင့်ကလေးကိုရော သတ်ပစ်မယ်”ဆိုပြီး ပို့လာတာပါ။ အန်ဂျလာ ဘာလုပ်တယ်၊ ဘာဝတ်တယ်ကအစ တစ်ဖက်သူက သိပြီး နောက်ယောင်ခံလိုက်နေတာမို့ အန်ဂျလာလည်း အလုပ်တောင် မသွားရဲတော့ဘဲ အိမ်မှာပဲ နေခဲ့ရပါတော့တယ်။ အီယန်ရော၊ အန်ဂျလာရော ဒါက ဘယ်သူ့လက်ချက်ဆိုတာ သိနေခဲ့ပါတယ်။ ဒါကြောင့် ရဲကို တိုင်ကြားခဲ့ပေမဲ့ ရဲတွေဘက်က ဒါဟာ ခြိမ်းခြောက်နိုင်စွမ်း နိမ့်တဲ့ အီးမေးလ်ဆိုပြီး အရေးမယူပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ တစ်ဖက်လူက ပိုပို ရဲတင်းလာပြီး အန်ဂျလာကို မုဒိမ်းကျင့်ဖို့ လူတွေကိုပါ လွှတ်လာပါတော့တယ်။ အဲဒီအခါမှာတော့ ရဲတွေလည်း အီယန်ရဲ့ ရည်းစားဟောင်းကို ချက်ချင်း ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ဒီမှာ ရူးလောက်စရာ အလှည့်အပြောင်း တစ်ခု ပေါ်လာပါတယ်။ တကယ်တော့ အန်ဂျလာမှာ အရင်က လူတွေကို လိမ်လည်ခဲ့တဲ့ပြစ်မှု ရှိနေခဲ့ပါတယ်။ ဒီတစ်ခါရော ဒါက အန်ဂျလာရဲ့ လိမ်လည်မှုပဲလား။ ဒါမှမဟုတ် သူက အပြစ်ကင်းပြီး တကယ်ပဲ ခြိမ်းခြောက်ခံခဲ့ရတာလား။ တရားသူကြီးတွေတောင် ခေါင်းစားရတဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံး သုံးပွင့်ဆိုင် ပညာပေး အချစ်ဇာတ်လမ်းကို အပိုဆားဒါမပါ ဖြစ်ရပ်မှန်အတိုင်း အခုပဲ ကြည့်ရှုနိုင်ပါပြီ။
ဇာတ်လမ်းအကြောင်း