Ghabadkund
လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရွာလေးတစ်ရွာမှာ နှစ်ပေါင်းများစွာကတည်းက ရတနာတွေ မြှုပ်နှံထားတဲ့ သရဲခြောက်တဲ့ရေတွင်းကြီးတစ်တွင်း ရှိပါတယ်။ သရဲမက လူတွေကိုသတ်တယ်လို့နာမည်ကြီးတာကြောင့် ရေတွင်းနားကို ဘယ်သူမှ မကပ်ရဲကြပါဘူး။ ဘာအလုပ်အကိုင်မှမရှိဘဲ မိန်းမရဲ့အစ်ကိုအိမ်မှာ ကပ်စားနေရလို့ အမြဲတမ်း မိန်းမဆူတာခံနေရတဲ့ ဒီလျာဟာ စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း ရေတွင်းနားရောက်သွားတော့ မိန်းမတစ်ယောက်ရဲ့ "နင့်ဟာတွေ ယူသွားတော့" ဆိုတဲ့အသံတွေကို ကြားလိုက်ရတော့ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီသတင်းကို ရဲအရာရှိအဖြစ် ဟန်ဆောင်ထားတဲ့သူက ကြားသွားပြီး ဒီလျာဟာ ရတနာသိုက်ဆီကို လမ်းပြပေးနိုင်မည့်သူဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ကိုယ်စီနဲ့ သိုက်တူးဖို့ ကြံစည်နေကြတဲ့ ခန်ဂရီတို့နဲ့ချိတ်ဆက်ပြီး ဒီလျာကို ရေတွင်းထဲဆင်းဖို့ နည်းမျိုးစုံသုံးပြီး ဖျားယောင်းကြပါတယ်။ သမာအာဇီဝမကျတဲ့အလုပ်ကို မလုပ်ဘူးလို့ဆုံးဖြတ်ထားတဲ့ ဒီလျာတစ်ယောက် ငွေမက်တဲ့မိန်းမဖြစ်သူရဲ့ တိုက်တွန်းမှုတွေကို လွန်ဆန်နိုင်ပါ့မလား။ အဲ့ဒီရတနာသိုက်က ဒီလျာနဲ့ ဘယ်လိုပတ်သက်မှုမျိုး ရှိခဲ့တာလဲ။ ရတနာသိုက်ကြီးကို ရှာတွေ့ဖို့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဒီလျာ အဖြစ် မင်းသား Sandeep Pathak ၊ ခန်ဂရီ အဖြစ် မင်းသား Devdatta Nage နဲ့ ရန်ဂီ အဖြစ် မင်းသမီး Smita Paygude Anjute တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း