Kingdom of War: Part 1 or Naresuan
* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် အခုတစ်ခေါက်ဇာတ်ကားလေးကတော့ King Naresuan ဆိုတဲ့ မင်းသားနရဲစွမ်အကြောင်း ရိုက်ကူးထားတဲ့ ရာဇဝင်သမိုင်းနောက်ခံ ထိုင်းရုပ်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အယုဒ္ဓယရဲ့ ထင်ရှားကျော်ကြားတဲ့ မင်းသားတစ်ပါးဖြစ်တဲ့ မင်းသားနရဲစွမ်ရဲ့ ငယ်ဘဝကို ပုံဖော်ရိုက်ကူးထားပါတယ် ဟံသာဝတီဘုရင် ဘုရင့်နောင်ရဲ့ လက်အောက်မှာ သုံ့ပန်းဘဝရောက်ရှိနေရပြီး အဲဒီတိုင်းပြည်မှာပဲ ကိုရင်ဘဝနဲ့ ဘုန်းကြီးတစ်ပါးထံမှာ ပညာစုံ သင်ကြားနေထိုင်ခဲ့ရပါတယ်.... အစ်မတော်ဖြစ်တဲ့ မင်းသမီး ဆုပန်ကလျာကလည်း ဟံသာဝတီဘုရင်နဲ့ ထပ်မြားလက်ထပ်ခဲ့ရပြီး မောင်ဖြစ်သူ နရဲစွမ်ကို အယုဒ္ဓယကို ပြန်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းကူညီပေးခဲ့ပါတယ်။ မင်းသားနရဲစွမ် ဟံသာဝတီမှာ ကြုံခဲ့ရတဲ့ ဒုက္ခတွေ အခက်အခဲတွေ အကျဉ်းသားဘဝကနေ ရုန်းထွက်ပြီး မိမိတိုင်းပြည် အယုဒ္ဓယကို ပြန်နိုင်ဖို့ ရုန်းကန်ကြိုးစားပုံတွေကို ခမ်းခမ်းနားနားနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ အယုဒ္ဓယမင်းကြီးကို လက်အောက်ခံအဖြစ် ထိန်းသိမ်းရန် သုံ့ပန်းအဖြစ် ဘုရင့်နောင်ရဲ့ ဖမ်းဆီးခြင်းကို ခံရတဲ့ မင်းသားနရဲစွမ် ခေါ် ကိုရင်အုံဒမ်ရဲ့ ငယ်ဘဝမှာ ဘယ်လို အခက်အခဲတွေ ကြုံရပြီး ရင်ဆိုင်လွတ်မြောက်သွားမလဲဆိုတာ ကြည့်ရှုရမယ့် သမိုင်းဝင် ရာဇဝင်ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်..... အရှေ့တောင်အာရှရဲ့ ထင်ရှားတဲ့ သမိုင်းကြောင်း နောက်ခံကို စိတ်ဝင်စားဖွယ် ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ သမိုင်းဇာတ်ကားကောင်းကြိုက်နှစ်သက်သူများအတွက် အထူးကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်.....
ဇာတ်လမ်းအကြောင်း