ဇာတ်ကားများ ရွေးရန်

Gowok: Javanese Kamasutra

2025ဇာတ်ကားအမှတ် 8.8/10132 မိနစ်

Gowok: Javanese Kamasutra (2025) ++++++++++++++ အင်ဒိုနီးရှားသမိုင်းနောက်ခံ ဒရာမာကားလေးဖြစ်ပြီး ၁၉၆၀ပြည့်လွန်လောက်က ဂျာဗားကျွန်းရဲ့ ယဉ်ကျေးမှု လူ့အဖွဲအစည်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို ရဲရဲဝံ့ဝံ့ ချပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကာမသိဒ္ဓိကျမ်းမဟုတ်တဲ့ တရုတ်နိုင်ငံကနေ အမွေအနှစ်တွေ စီးဆင်းလာခဲ့တဲ့ "အက်တမ်ပရာဝေဆ"ဆိုတဲ့ ကျမ်းကြီးအကြောင်းက အဓိကပါပဲ။ ဒီကျမ်းကတော့ ကာမသိဒ္ဓိကျမ်းနဲ့မတူဘဲ သူက ချစ်တင်းနှောမဲ့အချိန်မှာ ခန္ဓာကိုယ်ကို သန့်စင်အောင်လုပ်ပြီး ဒီဂါထာကို ရွတ်လိုက်မယ်ဆိုရင် ပိုပြီးတော့ ဆန္ဒတွေပြည့်မြောက်တယ်လို အဆိုရှိပါတယ်။ ဒီကျမ်းကြီးရဲ့ လုပ်ဆောင်ချက်တွေကို သင်ပြပေးနေတဲ့ ဂိုဝက်ခ်ဆိုတဲ့ သူတွေရှိပါတယ်။ သူတိုဟာ အိမ်ထောင်မပြုခင် ကောင်လေးတွေကို ချစ်တင်းနှောရတဲ့ အရသာကို ကောင်းကောင်းကြီးသိသွားအောင် သင်ပြပေးရသူတွေပေါ့။ ဂျာယာဆိုတဲ့ တော်ဝင်မျိုးနွယ်ဝင်ကောင်လေးတစ်ယောက် အိမ်ထောင်မပြုခင်မှာ မိဘတွေက ဂိုဝက်ခ်ဆီမှာ ပညာသင်ကြားဖို စေလွှတ်လိုက်ရာကနေ ဂိုဝက်ခ်ရဲ့အမွေကိုဆက်ခံမဲ့ မွေးစားသမီးလေး တရီနဲ့ တွေ့ဆုံကာ ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာခဲ့ပါတယ်။ တော်ဝင်မျိုးနွယ်ဝင်ကောင်လေးနဲ့ ဂိုဝက်ခ်ရဲ့ မွေးစားသမီးလေး တရီတို ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲ ....... ဂိုဝက်ခ်ကရော တော်ဝင်မျိုးနွယ်ကောင်လေးကို ချစ်တင်းနှောနည်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ သင်ကြားပေးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ချစ်တင်းနှောနည်းသင်ကြားပေးတဲ့ကားဖြစ်တာကြောင့် တစ်ယောက်တည်း စောင်ခြုံကြည့်ရင်တော့ ပိုအရသာရှိမှာ အမှန်ပါပဲ။ File Size… (1.41GB) / (892MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…2h 12m Genre …Drama , History , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း