Ordet
1955 မှာထွက်ရှိခဲ့တဲ့ ဒီ Danish ရုပ်ရှင်ဟာ အတော်လေးကို influence ကြီးမားခဲ့တဲ့ classic film တွေထဲက တစ်ကားပါ။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Carl Theodor Dreyer သုံးသွားခဲ့တဲ့ long take တွေဟာလည်း တခြားရုပ်ရှင်ဖန်တီးသူတွေကိုပါ အတော်လေးလွှမ်းမိုးနိုင်စွမ်းရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ လယ်နဲ့ မွေးမြူရေးခြံတွေပိုင်တဲ့ Morten ဆိုတဲ့ အဖိုးကြီးမှာ သားသုံးယောက်ရှိပါတယ်။ . သူတို့မိသားစုက ခရစ်ယာန်ဘာသာကို အလွန်ကိုသက်ဝင်ယုံကြည်ကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့ရွာထဲမှာတော့ ခရစ်ယာန်ဘာသာပဲကိုမှ သက်ဝင်ယုံကြည်ပုံမတူကြတဲ့ ရွာသားတွေလည်း ရှိပြီးတော့ သူတို့အချင်းချင်းက သိပ်မကြည်ကြပါဘူး။ အဖိုးကြီးရဲ့ သားသုံးယောက်မှာ အကြီးဆုံးသားကတော့ ဘာသာရေးယုံကြည်မှုတွေပျောက်နေပါပြီ၊ သားလတ်ကတော့ စိတ်ပုံမှန်မဟုတ်တော့ဘဲ သူ့ကိုယ်သူ ပြန်လည်မွေးဖွားလာတဲ့ ယေရှုခရစ်တော်လို့ ထင်နေတာပါ။ အငယ်ဆုံးသားလေးနဲ့ သားကြီးရဲ့ ဇနီးဖြစ်သူတို့ကပဲ အဖိုးကြီး Morten နဲ့ သက်ဝင်ယုံကြည်ပုံချင်း တူပါတော့တယ်။ တစ်နေ့ သားကြီးရဲ့ဇနီးဖြစ်သူ ကလေးမွေးတဲ့ညမှာ သူတို့ရဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုတွေကို စစ်ဆေးခံရဖို့အခြေအနေမျိုး ကြုံလာရပါတယ်။ Ordet (1955) ဟာဆိုရင် classic film တွေထဲမှာ philosophical ပိုင်းဆိုင်ရာကို စတင်မှီဝဲသုံးစွဲလာတဲ့ ရုပ်ရှင်တွေထဲက အစောဆုံးရုပ်ရှင်ထဲမှာ ပါတယ်လို့ပြောလို့ရပါတယ်။ ဘာသာရေးနဲ့ မိသားစုတစ်စုရဲ့ သက်ဝင်ယုံကြည်မှုအပေါ်မှာ အခြေတည်ပြီး ဘယ်လိုဂန္တဝင်ရုပ်ရှင်ကားတစ်ကား ဖြစ်လာသလဲဆိုတာကိုတော့ မြည်းစမ်းသုံးဆောင်ကြည့်ကြစေချင်ပါတယ်။
ဇာတ်လမ်းအကြောင်း