ဇာတ်ကားများ ရွေးရန်

Cherry

2010ဇာတ်ကားအမှတ် 6.3/1099 မိနစ်

အယ်ရွန်က ပန်းချီဆွဲရတာကို ဝါသနာပါပေမယ့် မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူထားရပါတယ်။ ကိုယ်ဝါသနာမပါတဲ့ပညာကို စိတ်မပါလက်မပါ သင်နေရင်း တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ဖြစ်တယ်။ အဲဒီမှာ သူ့ပန်းချီပါရမီကို အားပေးတဲ့ လင်ဒါနဲ့တွေ့ပြီး ချစ်မိသွားပါတော့တယ်။ လင်ဒါမှာတော့ အသက်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်ရှိသလို ချစ်သူလည်း ရှိနေပြီးသားပါ။ ဒါကြောင့် အယ်ရွန့်ကို မိတ်ဆွေအဖြစ်ပဲ သဘောထားတယ်။ တစ်ဖက်မှာ လင်ဒါရဲ့သမီး ဘတ်သ်က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေပြန်တော့ အယ်ရွန်တစ်ယောက် သားအမိနှစ်ယောက်ကြားမှာ ဗျာများနေရပါတယ်။ ကိုယ့်ဝါသနာနဲ့ မိဘရဲ့စေတနာကြားက အခက်အခဲလည်း ရှိနေသေးတဲ့ အယ်ရွန်ဟာ ဒီဘဝအချိုးအကွေ့ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဟာသဒရာမာဖြစ်ပြီး လူငယ်တစ်ယောက်ရဲ့ အချစ်ရေးနဲ့ အနာဂတ်ရွေးချယ်မှုတွေကို ပေါ့ပေါ့ပါးပါး ပြောပြထားပါတယ်။

ဇာတ်လမ်းအကြောင်း