ဇာတ်ကားများ ရွေးရန်

I Swear

2025ဇာတ်ကားအမှတ် 5.7/10

ဒီဇာတ်ကားကတော့ အချိန်နဲ့ ချစ်ခြင်းမေတ္တာကို ထူးထူးခြားခြား ပုံဖော်ထားတဲ့ ဒရာမာပါ ဇာတ်လိုက်အမျိုးသားဟာ ထူးဆန်းတဲ့ အိပ်မက်တွေ မကြာခဏ မက်လေ့ရှိတယ်... အိပ်မက်ထဲမှာ ဒီရေကျတာ၊ ကောင်းကင်မှာ ဂဏန်းတွေအများကြီး တွေ့ရတာ၊ ပင်လယ်ထဲကနေ တံစဉ်းတစ်လက် ထွက်လာတာမျိုးတွေပေါ့... ဒါပေမဲ့ အဲဒီထက် ပိုထူးဆန်းတာက သူဟာ တကယ်လက်တွေ့ဘဝမှာ လူတွေရဲ့ ခေါင်းပေါ်မှာ ဂဏန်းတွေ မြင်နေရတာပဲ... အဲဒီဂဏန်းတွေက သူတို့ရဲ့ "ခံစားချက်သက်တမ်း" ဒါမှမဟုတ် ချစ်ခြင်းမေတ္တာရဲ့ "ကျန်ရှိနေသေးတဲ့ အချိန်" ကို ရက်၊ နာရီ၊ မိနစ်၊ စက္ကန့်တွေနဲ့ ဖော်ပြနေတာ... ဒီလို မြင်ရတာက သူ့ကို ချုပ်နှောင်ထားသလို ဖြစ်နေတယ်.... တစ်နေ့မှာ သူက သွားဆရာဝန်ရုံးမှာ ဝမ်ချန်း ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်... သူတို့နှစ်ယောက်ဟာ ခဏတာ အတူရှိနေခဲ့ကြပြီး၊ ဒေါက်တာလော့ရဲ့ မင်္ဂလာပွဲကို ကျောက်ကျွန်း ကို အတူတူ ခရီးသွားခဲ့ကြတယ်... သူက ဝမ်ချန်းကို သူ့သွားတွေ ကြည့်ပြီး အချိုကြိုက်တာကိုတောင် ပြောနိုင်တဲ့အထိ လေ့လာတယ်... သူတို့ဟာ လန်ဝေဟိုတယ် မှာ တည်းခိုခဲ့ကြပြီး လေနဲ့ တံစဉ်းအကြောင်း ဒဏ္ဍာရီ ပုံပြင်တွေတောင် ပြောဖြစ်ခဲ့ကြတယ် .... ဇာတ်လိုက်အမျိုးသားက ဝမ်ချန်းရဲ့ ခေါင်းပေါ်က ဂဏန်းတွေကို မြင်နေရတာပဲ... သူတို့ ချစ်ခြင်းသက်တမ်း ဘယ်လောက်ကြာမယ်ဆိုတာ သူသိနေခဲ့တာ .... စိတ်ဝင်စားစရာကောင်းတာက သူတို့ ခွဲခွာသွားတဲ့အခါ အချိန်တွေက ရပ်နေခဲ့ပြီး၊ ပြန်တွေ့တဲ့အခါမှ ပြန်ပတ်တာမျိုးတွေ ဖြစ်နေတာ.... ပြောရမယ်ဆိုရင်... ဒီဇာတ်ကားဟာ အချိန်၊ ချစ်ခြင်းမေတ္တာနဲ့ ကံကြမ္မာကို ဘယ်လို ညှိနှိုင်းရမလဲဆိုတာကို ရိုက်ပြထားတာပါ.... သူတို့ရဲ့ ချစ်ခြင်းမေတ္တာက အချိန်ရဲ့ စည်းမျဉ်းတွေကို ဘယ်လို ကျော်လွှားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်... Filesize : 1.07 GB / 655 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , Romance Runtime : 2h 2min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း