Turtles Can Fly
စစ်ပွဲဆိုတာ လူကြီးတွေ ဖန်တီးခဲ့တာဖြစ်ပေမဲ့ အဲ့ဒီဒဏ်ရာဒဏ်ချက်တွေကို အဆိုးရွားဆုံး ခံစားကြရတာကတော့ အပြစ်မဲ့တဲ့ ကလေးငယ်တွေပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားဟာ "စစ်ပွဲရဲ့ ရက်စက်မှုကို ကလေးတွေရဲ့ မျက်လုံးနဲ့ ကြည့်ရင် ဘယ်လိုမြင်ရမလဲ" ဆိုတာကို ကမ္ဘာကပါ အသိအမှတ်ပြုခဲ့ရတဲ့အထိ ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတည်ထားတာက အမေရိကန်က အီရတ်ကို ကျူးကျော်ဝင်ရောက်ခါနီး တူရကီ-အီရတ် နယ်စပ်က ဒုက္ခသည်စခန်းတစ်ခုမှာပါ။ အဲ့ဒီမှာ "Satellite" လို့ လူသိများတဲ့ ကောင်လေးတစ်ယောက်ဟာ ကလေးတွေကို ဦးဆောင်ပြီး စစ်မြေပြင်က မြေမြှုပ်မိုင်းတွေကို လိုက်တူး၊ ပြန်ရောင်းပြီး အသက်မွေးနေကြရပါတယ်။ တစ်နေ့မှာတော့ လက်နှစ်ဖက်လုံး မရှိတော့တဲ့ ကောင်လေးတစ်ယောက်၊ မျက်စိမမြင်ရတဲ့ ကလေးလေးတစ်ယောက်နဲ့ သူတို့ရဲ့ အစ်မဖြစ်သူ ကောင်မလေးတစ်ယောက် ဒီစခန်းကို ရောက်လာခဲ့ပါတယ်။ သူတို့ မောင်နှမသုံးယောက်မှာ ပါလာတဲ့ နာကျင်စရာ အတိတ်တွေနဲ့ ရှေ့ဆက်ဖြစ်လာမယ့် အဖြစ်အပျက်တွေက ပရိသတ်ကို ရင်တုန်တုန်နဲ့ ကြည့်ရှုရအောင် ဆွဲဆောင်သွားမှာပါ။ သူတို့ဟာ ဒီစစ်ပွဲရဲ့ သားကောင်တွေလား၊ ဒါမှမဟုတ် ကံကြမ္မာရဲ့ ကစားပွဲထဲက အရုပ်တွေလားဆိုတာ...။ ဒီကားထဲမှာ ပါဝင်တဲ့ ကလေးသရုပ်ဆောင်တွေဟာ တကယ့်ဒုက္ခသည်စခန်းက ကလေးတွေဖြစ်တာကြောင့် သူတို့ရဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်ကို တကယ့်အစစ်အမှန်လို ခံစားရစေမှာပါ။ ဒါရိုက်တာ Bahman Ghobadi ဟာ စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သွေးသံရဲရဲတွေနဲ့ ပြစရာမလိုဘဲ ကလေးတွေရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ မျက်လုံးတွေနဲ့တင် ထိထိမိမိ ဖော်ပြသွားခဲ့ပါတယ်။ ကြည့်နေရင်းနဲ့ ရင်ထဲမှာ တစ်မျိုးကြီး ခံစားသွားရမယ့် ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ Quality.....WebRip 1080p / 720p File Size.....(1.9 GB) / (1 GB) Duration.....01:38:00
ဇာတ်လမ်းအကြောင်း