ဇာတ်ကားများ ရွေးရန်

Metamorphosis

2022ဇာတ်ကားအမှတ် 4.5/1072 မိနစ်

ဒိုင်နိုဆောတွေထဲမှာအကြမ်းစားဖြစ်တဲ့ T- Rexကိုမျိုးရိုးဗီဇတွေပေါင်းစပ်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်Sci-fi thriller အမျိုးအစားဇာတ်ကား ပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ သန်းခေါင်ယံအချိန် အီးနက်ဂ်သုတေသနအဆောက်အဦးကြီးထဲမှာ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဟာ မသိပဲ လျှို့ဝှက်ဓာတ်ခွဲခန်းထဲက သံလှောင်အိမ်တစ်ခုကိုဖွင့်မိရာကနေ ကိုယ်ယောင်ဖျောက်နိုင်တဲ့ ဒိုင်နိုဆောတစ်ကောင်လွတ်သွားပြီး လူတွေကိုသတ်ဖြတ်ရာကနေစတင်ပါတယ် တောရိုင်းတိရိစ္ဆာန်ပညာရှင် အားလျန်ဟာ ရုတ်တရက်ပေါ်လာတဲ့ ထူးဆန်းတဲ့မြွေကြီးရဲ့ဇာစ်မြစ်ကိုစုံစမ်းဖို့အတွက် အီးနက်ဂ်အဆောက်အဦးကိုရောက်လာပါတယ်။ သူ့ရဲ့ရည်းစားဟောင်းရှီးဝမ်နဲ့ တွေ့ဆုံပြီး ကုမ္ပဏီထဲကိုလေ့လာရေးသွားနေတဲ့အချိန်မှာပဲ ကိုယ်ယောင်ဖျောက်ဒိုင်နိုဆောရဲ့တိုက်ခိုက်တာကိုခံရပြီးတော့ အားလုံးဟာလုံခြုံရေးခန်းထဲမှာပိတ်မိသွားပါတယ် အဲဒီတော့မှ ဒီသတ္တဝါဟာမျိုးရိုးဗီဇတွေပေါင်းစပ်ပြီးဖန်တီးထားတဲ့ထူးခြားသတ္တဝါဆိုတာသိလိုက်ရပါတယ်။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲတတ်တာကြောင့် သာမန်လက်နက်တွေနဲ့ဒီဒိုင်နိုဆောကိုအနိုင်ယူလို့မရတော့ မျိုးရိုးဗီဇပြောင်းစပါးအုံမြွေကြီးနဲ့ သတ္တဝါအချင်းချင်းတိုက်ခိုက်အောင်ဖန်တီးပြီး လွတ်လမ်းကိုရှာဖွေရပါတော့တယ်။ အင်အားကြီးတိရိစ္ဆာန်အချင်းချင်း အင်အားပြိုင်အသေအကြေတိုက်ခိုက်ကြမလား ဒါမှမဟုတ် ပူးပေါင်းပြီးလူတွေကိုပဲဒုက္ခပေးမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် Filesize : 942 MB / 512 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Science Fiction and Horror Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း