ဇာတ်ကားများ ရွေးရန်

True Beauty: The Movie - Part 1

2025ဇာတ်ကားအမှတ် 7.8/10102 မိနစ်

True Beauty: The Movie - Part 1 (2025) "အလှတရားဆိုတာ မိတ်ကပ်နဲ့ ဖန်တီးလို့ရပေမဲ့… ကိုယ့်ကို တကယ်ချစ်တဲ့နှလုံးသားကိုတော့ ဖန်တီးလို့မရပါဘူး" Webtoon fan တွေရဲ့ အသည်းစွဲ၊ KDrama fan တွေကြားမှာလည်း အရမ်းရေးပန်းစားနာမည်ကြီးခဲ့တဲ့ True Beauty ဇာတ်လမ်းလေးရဲ့ ဂျပန် Live-action ရုပ်ရှင် True Beauty: Before Part 1 (2025) လာပါပြီ။ Visual အမိုက်စား ဂျပန်သရုပ်ဆောင်တွေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီကားလေးကတော့ Romance, Comedy, School Drama ကြိုက်တဲ့သူတွေအတွက် လုံးဝကြည့်ရမယ့် ကားလေးပါပဲ။ ဇာတ်လမ်းအစမှာတော့ .. ရဲအိနာဟာ သူ့ရဲ့ ရုပ်ရည်ကြောင့် အမြဲအနိုင်ကျင့်ခံနေရတဲ့ ကောင်မလေးတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တဲ့အထိ နာကျင်ခဲ့ရတဲ့ သူမဘဝက Make-up ပညာကို စတင်လေ့လာပြီးနောက်မှာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပါတယ်။ မိတ်ကပ်နဲ့ လှပအောင်ပြင်ဆင်လိုက်တဲ့နောက် ကျောင်းရဲ့ နတ်ဘုရားမလေးလို လူတိုင်းငေးကြည့်ရတဲ့ ရဲအိနာ ဖြစ်လာပေမဲ့… သူမရဲ့ Make-up free မျက်နှာအစစ်ကိုတော့ ဘယ်သူမှ မသိစေချင်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ အေးစက်စက်နဲ့ လျှို့ဝှက်ဆန်တဲ့ မင်းသားချော ရွှန်းက သူမရဲ့ လျှို့ဝှက်ချက်ကို မတော်တဆ သိသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရဲအိနာနဲ့ ရွှန်းတို့ကြားမှာ အလွဲလွဲအချော်ချော် အခိုက်အတန့်တွေ၊ ရင်ခုန်စရာ chemistry တွေ ဖြစ်ပေါ်လာသလို တစ်ဖက်မှာလည်း နွေးထွေးပြီး ဆွဲဆောင်မှုကောင်းတဲ့ ကောင်လေး "ယူ" ရောက်လာတဲ့အခါ Love Triangle လေးက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းလာပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထားချင်တဲ့ ကောင်မလေးတစ်ယောက်… အပြင်ပန်းထက် အတွင်းစိတ်ကို မြင်ပေးနိုင်တဲ့ လူနှစ်ယောက်… သူတို့သုံးယောက်ကြားက သူငယ်ချင်းဆက်ဆံရေး, အချစ်, ငယ်ရွယ်နုပျိုမှုတွေကို ရင်ခုန်စွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ ရဲအိနာတစ်ယောက် “တကယ့်အလှတရား” ဆိုတာ ဘာလဲဆိုတာ နားလည်သွားမလား… ပြီးတော့ သူမရဲ့ နှလုံးသားက ဘယ်သူ့ဆီ ရောက်သွားမလဲဆိုတာကို True Beauty: Before (Part 1) မှာ ကြည့်ရှုလိုက်ပါဦးနော်။ File size…1.85GB / 882MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 43m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း