Men & Chicken
Men & Chicken (2015) "ဂေဘရီရယ် "နဲ့ "အီလိုင်းယပ်စ်"တိုက စရိုက်ချင်းမတူဘဲ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး သူတိုနှစ်ယောက်လုံးမှာ နှုတ်ခမ်းကွဲတဲ့ ရုပ်ပိုင်းဆိုင်ရာ ချိုယွင်းချက် ရှိကြပါတယ် တစ်နေ့မှာ သူတိုရဲ့ အဖေလို ထင်ထားတဲ့သူ ကွယ်လွန်သွားပြီး ဗီဒီယိုဖိုင်တစ်ခု ချန်ထားခဲ့ပါတယ် အဲဒီဗီဒီယိုထဲမှာ သူတိုနှစ်ယောက်က မွေးစားသားတွေဖြစ်ပြီး သူတိုရဲ့ တကယ့်အဖေရင်းကတော့ အသက် ၁၀၀ နီးပါးရှိနေပြီဖြစ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင်ကြီး အီလီဗီယို သာနာတိုစ် ဖြစ်ပြီး အခုလက်ရှိမှာတော့ ကျွန်းတစ်ကျွန်းပေါ်မှာ နေထိုင်နေကြောင်း သိလိုက်ရပါတယ် သူတိုနှစ်ယောက် အဖေရင်းကို ရှာဖွေဖို အဲဒီကျွန်းကို ရောက်သွားတဲ့အခါမှာတော့ အပြုအမူထူးဆန်းတဲ့ အခြားအဖေတူ ညီအစ်ကိုသုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် သူတိုအားလုံးမှာလည်း နှုတ်ခမ်းကွဲတာအပြင် တစ်ယောက်တစ်မျိုးစီ ထူးဆန်းတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ချိုယွင်းချက်တွေ ရှိနေကြပါသေးတယ် အိမ်ကြီးရဲ့ မြေအောက်ခန်းထဲမှာ သူတိုအဖေ လုပ်ဆောင်ခဲ့တဲ့ လျှိဝှက်ဓာတ်ခွဲခန်းတစ်ခု ရှိနေတာကို ဂေဘရီရယ် တစ်ယောက် ရှာဖွေတွေ့ရှိသွားချိန်မှာတော့ ထိတ်လန့်စရာ အမှန်တရား ပေါ်ထွက်လာပါတော့တယ် မိသားစုရဲ့ လျှိဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်လာရင်း ထိတ်လန့်စရာအမှန်တရားက ဘာများဖြစ်မလဲ... နောက်ဆုံးမှာတော့ သူတိုညီအစ်ကိုတွေက သူတိုရဲ့ အတိတ်နဲ့ အမှန်တရားကို လက်ခံနိုင်ပါ့မလားဆိုတာ... ထူးထူးခြားခြား Dark Comedy ကြည့်ချင်သူတွေအတွက် " Men & Chicken " ဆိုတဲ့ ဒိန်းမတ်ရုပ်ရှင်လေးကို ညွှန်းပေးလိုက်ပါတယ်
ဇာတ်လမ်းအကြောင်း