ဇာတ်ကားများ ရွေးရန်

Hen

2026ဇာတ်ကားအမှတ် 7.1/1096 မိနစ်

သားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟနဲ့ ရှုပ်ထွေးလှတဲ့ ဘဝအစုံကို... ထူးထူးဆန်းဆန်းပဲ ကြက်မတစ်ကောင်ရဲ့ မျက်လုံးကတစ်ဆင့် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်> ဇာတ်လမ်းကတော့ သတ်ဖြတ်ခံရမယ့် အန္တရာယ်ကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ ကြက်မလေးတစ်ကောင် ရဲ့ ခရီးစဉ်ကနေ စတင်ထားပါတယ်။ ထွက်ပြေးလာတဲ့ ကြက်မလေးဟာ ဂရိနိုင်ငံ ကျေးလက်ပင်လယ်ကမ်းခြေတစ်ခုမှာရှိပြီး တဖြည်းဖြည်း ပျက်စီးယိုယွင်းနေတဲ့ စားသောက်ဆိုင်အိုကြီးတစ်ခုဆီ ရောက်ရှိသွားပြီး ပုန်းအောင်းနေထိုင်ပါတော့တယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်တစ်ခုလုံးနီးပါးကို အဆိုပါ ကြက်မလေးရဲ့ မျက်စိရှုထောင့် ကနေပဲ ကင်မရာရိုက်ချက်တွေနဲ့ ပြသသွားတာ ဖြစ်ပါတယ်။ ကြက်မလေးဟာ သူမရဲ့ ဥတွေကို အသက်နဲ့လဲပြီး ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်ရင်း အခြားတစ်ဖက်မှာလည်း အဆိုပါ စားသောက်ဆိုင်ကို လာရောက်ကြတဲ့၊ ဆိုင်မှာ အလုပ်လုပ်ကြတဲ့ လူသားတွေရဲ့ အချစ်၊ အမုန်း၊ သစ္စာဖောက်မှု၊ အထီးကျန်မှုနဲ့ လောဘတရားတွေ ပြည့်နှက်နေတဲ့ ဘဝအရှုပ်အထွေးတွေကိုဘာမှနားမလည်တဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အမြင်နဲ့ ငြိမ်သက်စွာ စောင့်ကြည့်နေပါတော့တယ်။ လူသားတွေဟာ သူတို့ကိုယ်သူတို့ ကမ္ဘာ့အသိဉာဏ်အရှိဆုံးလို့ သတ်မှတ်ထားကြပေမဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ မျက်လုံးထဲမှာတော့ ဘယ်လောက်အထိ ရယ်စရာကောင်းပြီး ကမောက်ကမ ဖြစ်နေသလဲဆိုတာကို ရိုက်ပြထားပါတယ်

ဇာတ်လမ်းအကြောင်း