ဇာတ်ကားများ ရွေးရန်

Loner

2025ဇာတ်ကားအမှတ် 4.0/1099 မိနစ်

Loner (2025) IMDb Rating (4.7) ချစ်သူကိုဆုံးရှုံးလိုက်ရလို့ အားငယ်နေတဲ့ ဗလော့ဂါ လူငယ်အန်းဂတ်စ်ဟာ နည်းပညာတွေနဲ့အဆက်အသွယ်ဖြတ်ပြီး Social Detox လုပ်ရင်း ဗီလော့ဂ်လည်း ရိုက်ရင်းနဲ့လုံး၀ လူသူမနီးတဲ့ ဗြိတိန်ကျေးလက်တောနက်ထဲက အပန်းဖြေသစ်လုံးအိမ်တစ်ခုကိုတစ်ယောက်တည်းထွက်လာခဲ့ပါတယ်။ အစပိုင်းမှာ သာယာအေးချမ်းသယောင်ခံစားရပေမယ့်တောနက်ထဲက ကြားရတဲ့အမျိုးအမည်မသိတဲ့ အသံတွေ၊ လှုပ်ရှားမှုတွေ ခြောက်ခြားဖွယ်ရာတွေက တစ်စထက်တစ်စ ပိုဆိုးလာပြီး စိတ်အေးချမ်းမှုကိုရှာဖွေဖို့ရည်ရွယ်ခဲ့တဲ့ သူ့ခရီးစဉ်ဟာ ကိုယ့်ကိုယ်ကို ပြန်လည်ရင်ဆိုင်ရမယ့် အိမ်မက်ဆိုးတစ်ခုဖြစ်လာပါတော့တယ်။ The Blair Witch Project စတိုင် Found-Footage ပုံစံနဲ့ရိုက်ကူးထားပြီး ကြည့်နေတဲ့သူကိုပါ ဇာတ်ကောင်နဲ့အတူတောအုပ်ထဲမှာပိတ်မိနေတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်။ အစပိုင်းမှာ ဗလော့ဂါတစ်ယောက်ရဲ့အပျော်ခရီးပုံစံ ပေါ့ပေါ့ပါးပါးစတင်ထားပေမယ့် ဇာတ်ရှိန်တက်လာတာနဲ့အမျှ ပဟေဠိတွေ လှည့်ကွက်တွေနဲ့အတူ အဆုံးထိဆွဲခေါ်သွားပါလိမ့်မယ်။ အထူးသဖြင့်အသံပိုင်းဆိုင်ရာအထူးပြုလုပ်ချက်တွေ တော်တော်ကောင်းတာမို့သတိထားကြည့်စေချင်ပါတယ်။ File size… (1.6 GB) / (0.97 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:40:19 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း