ဇာတ်ကားများ ရွေးရန်

The Luminous Life (aka) A Vida Luminosa

2025ဇာတ်ကားအမှတ် 6.0/10106 မိနစ်

The Luminous Life (2025) IMDb Rating (6.1) အသက် ၂၀ ကျော် အရွယ်တွေမှာ ကြုံတွေ့ရတတ်တဲ့ "အနာဂတ်အတွက် လမ်းပျောက်နေမှု၊ အိမ်မက်နဲ့ လက်တွေ့ ကြားထဲက စိတ်ဓာတ်ကျမှု" တွေကို ပေါ်တူဂီ ရုပ်ရှင်စတိုင်အတိုင်း အနုစိတ် သဘာဝကျကျ ရိုက်ပြထားပါတယ်။ ဇာတ်လမ်းကတော့ အသက် ၂၄ နှစ်အရွယ် လူငယ်လေး "နီကိုလောင်းအကြောင်းကနေ စတင်ထားပါတယ်။ နီကိုလောင်းဟာ မိဘတွေနဲ့အတူ တစ်အိမ်တည်းမှာ နေထိုင်ရင်း ဘဝကို အေးဆေး ဖြတ်သန်းနေသူတစ်ဦးပါ။ သူ့မှာ အနာဂတ်အတွက် ဂီတပညာရှင်တစ်ယောက်ဖြစ်လာချင်တဲ့ အိမ်မက်ကြီး တစ်ခုရှိပေမဲ့... လက်တွေ့မှာတော့ ဘာကိုမှ ပြတ်ပြတ်သားသား မလုပ်ဖြစ်ဘဲ အချိန်တွေကို အလကား ကုန်လွန်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ လောကငယ်လေးကို တုန်လှုပ်သွားစေမယ့် မမျှော်လင့်ထားတဲ့ရိုက်ခတ်မှုတစ်ခု နဲ့ ရုတ်တရက် ရင်ဆိုင်လိုက်ရပါတော့တယ်။ အဆိုပါ ဖြစ်ရပ်ဟာ နီကိုလောင်းကို သတိပြန်ဝင်လာစေခဲ့ပြီး... မိဘတွေရဲ့ ရင်ခွင်အောက်ကနေ ထွက်ကာ ဘဝကို ကိုယ်ပိုင်ခြေထောက်ပေါ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ စတင်တွန်းအားပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ သူဟာ အတိတ်က တွန့်ဆုတ်နေမှုတွေကို စွန့်လွှတ်ပြီး ရှေ့ဆက်လျှောက်လှမ်းလိုက်တဲ့အခါမှာတော့... သူ့ရဲ့ ဘဝဟာ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေနဲ့အတူ တောက်ပလာပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1.4 GB) / (880 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:39:31 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း