Kaneko's Commissary
ဒေါသစိတ်ကြီးလို့ အကြမ်းဖက်မှုနဲ့ ထောင်ကျခဲ့ရတဲ့ ခါနဲကိုဟာ မိန်းမဖြစ်သူ သားလေးမွေးတာရော နောင်တရသွားတာရော ဉီးလေးက နားချတာရော ပေါင်းပြီး ထောင်ကထွက်လာတဲ့အခါ ဘဝအသစ်လေး ပြန်စလို့နေခဲ့ပါပြီ။ အပြင်ရောက်တော့ ခါနဲကိုတစ်ယောက်ဟာ အကျဉ်းသားတွေအတွက် မိသားစုကိုယ်စား ပစ္စည်းလေးတွေ ပို့ပေးတာတို့ ကိုယ်စား စာရေးထားတာတွေကို ဖတ်ပြတာတို့ စသဖြင့် အဲဒီလိုလုပ်ငန်းလေးကို လုပ်ပြီး သားလေးနဲ့ မိန်းမကို ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရပ်ကွက်ထဲက သူ့သားလေးရဲ့ သူငယ်ချင်းဖြစ်တဲ့ မူလတန်းအရွယ် ကလေးမလေး ပျောက်ဆုံးသွားတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ ခါနဲကိုတို့ဘဝလေး ပြန်လည် လှုပ်ခတ်စပြုလာပါတယ်။ ပျောက်သွားတဲ့ကလေးမလေး ဘာဆက်ဖြစ်မလဲ ထောင်ကျဖူးတဲ့ ခါနဲကိုကို ဘယ်လိုဆက်ဆံကြမလဲ နောက်ထပ်ဘယ်လိုမျိုးတွေ ဖြစ်ကြမလဲဆိုတာကို ဖော်ကျူးထားတဲ့ ဂျပန်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း