Broken Years (aka) Parçalı Yıllar
မိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတွေနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝရုန်းကန်မှုကို လေးလေးနက်နက် ပုံဖော်ထားတဲ့ ဇာတ်ကားတွေကို နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာတော့ ၂၀၂၆ ခုနှစ်ထွက် တူရကီ ဒရာမာဇာတ်ကားသစ် "Broken Years (aka) Parçalı Yıllar (၂၀၂၆)" ကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Hasan Tolga Pulat ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး တူရကီ ဝါရင့်မင်းသားကြီး Yetkin Dikinciler အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ အနုပညာမာန၊ မိသားစုတာဝန်နဲ့ ဂုဏ်သိက္ခာတို့ကြားက လူသားတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ရွေးချယ်မှုကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ၁၉၇၅ ခုနှစ်က တူရကီနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း ကာလကို နောက်ခံထားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ကြောင့် တူရကီနိုင်ငံမှာ စီးပွားရေး အကြီးအကျယ် ကျဆင်းလာသလို ရုပ်ရှင်လောကတစ်ခုလုံးဟာလည်း အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဈေးကွက်မှာ ရပ်တည်နိုင်ဖို့အတွက် ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးနိုင်တဲ့ လိင်အသားပေး ဇာတ်ကား တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ အဲဒီအချိန်မှာ အိုက်တီကင် အက်ပ်တက်ရှ် ဟာ သူ့ရဲ့ အနုပညာ စံနှုန်းတွေကို တန်ဖိုးထားပြီး ရှိတ်စပီးယားရဲ့ နာမည်ကျော် King Lear ပြဇာတ်မှာ အဓိကဇာတ်ဆောင်အဖြစ် ကပြဖို့ ပြင်ဆင်နေတဲ့ ဝါရင့် ပြဇာတ်မင်းသားကြီး တစ်ယောက်ပါ။ သူဟာ ခေတ်စားလာတဲ့ အပေါစား ရုပ်ရှင်ရေစီးကြောင်းနဲ့ ဝေးဝေးနေဖို့ ကြိုးစားခဲ့ပေမယ့်၊ နာမကျန်းဖြစ်နေတဲ့ ဇနီးသည် အာဆူမန် ရဲ့ ဆေးကုသစရိတ်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေထဲ ပါဝင်ပတ်သက်မိလို့ ဒုက္ခရောက်နေတဲ့ သားဖြစ်သူ မာဟီရာ ကို ကယ်တင်ဖို့ ငွေကြေးအပူတပြင်း လိုအပ်လာပါတော့တယ်။ မိသားစုကို ကာကွယ်ဖို့အတွက် ရွေးချယ်စရာ မရှိတော့တဲ့ အိုက်တီကင် တစ်ယောက် မလွှဲမရှောင်သာဘဲ သူမုန်းတီးတဲ့ လိင်အသားပေး ရုပ်ရှင်လောကထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် မထင်မှတ်ထားဘဲ သူရိုက်ကူးတဲ့ ကားတွေက အကြီးအကျယ် ပေါက်သွားပြီး အဲဒီရုပ်ရှင်လောကရဲ့ ထိပ်တန်း ကြယ်ပွင့်တစ်ယောက် ဖြစ်လာတဲ့အခါ၊ မိသားစုကို ကယ်တင်ဖို့ ရင်းနှီးခဲ့ရတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မိသားစု ဆက်ဆံရေးကို ဘယ်လို ပြောင်းပြန် ရိုက်ခတ်လာမလဲ ဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားရဲ့ အထူးခြားဆုံး အချက်ကတော့ တူရကီ ရုပ်ရှင်သမိုင်း မှာ လူပြောနည်းပြီး ချန်လှပ်ထားခြင်း ခံရလေ့ရှိတဲ့ ၁၉၇၀ ပြည့်လွန်နှစ်နှောင်းပိုင်းက အကျပ်အတည်းကာလကို ရဲရဲဝံ့ဝံ့ ပြန်လည်ဖော်ထုတ်ထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေက လူမှုဘဝနဲ့ အနုပညာလောကကို ဘယ်လောက်အထိ ပြောင်းလဲပစ်နိုင်သလဲ ဆိုတာကို ခေတ်ဟောင်း အငွေ့အသက် အပြည့်အဝနဲ့ ပုံဖော်ထားပါတယ်။ "Broken Years / Parçalı Yıllar (၂၀၂၆)" ဟာ ၆၂ ကြိမ်မြောက် Antalya Golden Orange ရုပ်ရှင်ပွဲတော်နဲ့ ၁၃ ကြိမ်မြောက် Bosphorus ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ Retro အငွေ့အသက်နဲ့အတူ ဘဝသရုပ်ဖော် ဒရာမာဇာတ်ကားကောင်းတွေကို နှစ်သက်တဲ့ ပရိသတ်တွေ အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်။ File size… 1.48 GB / 971 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 2h 11m Genre ..... Drama, Comedy, History Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း