ဇာတ်ကားများ ရွေးရန်

A Paralyzing Redemption

2026ဇာတ်ကားအမှတ် 6.5/1057 မိနစ်

A Paralyzing Redemption (2026) Superman ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားခဲ့တဲ့ မင်းသားကြီး Dean Cain ရဲ့ ထိပ်တန်း ဘက်စကတ်ဘော ကစားသမား လူငယ်လေးတစ်ယောက်... ယာဉ်မတော်တဆမှု ဘဝသေသွားခဲ့ပြီးရုန်းကန်ရမှုနဲ့ ပြန်လည် ထိန်းကျောင်းပုံကို ရိုက်ကူးထားတဲ့ အမေရိကန် Drama / Faith ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘက်စကတ်ဘော လောကမှာ အောင်မြင်မှုပေါင်းများစွာနဲ့ တောက်ပနေတဲ့ ထိပ်တန်း ကစားသမား လူငယ်လေးတစ်ယောက် အကြောင်းကနေ စတင်ထားတာပါ။ သူဟာ ပရိသတ်တွေရဲ့ အားပေးမှု၊ ထောက်ပံ့မှုတွေနဲ့အတူ အနာဂတ် လမ်းကြောင်း အလှကြီး လင်းလက်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ပြင်းထန်လှတဲ့ ယာဉ်မတော်တဆမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်မှာတော့... သူ့ရဲ့ ကမ္ဘာဟာ ဇောက်ထိုး မိုးမျှော် ပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီမတော်တဆမှုကြောင့် သူ့ရဲ့ လည်ပင်းအောက်ပိုင်း တစ်ကိုယ်လုံး လေဖြတ်သွားခဲ့ပြီး စုတ်ပြတ်သတ်သွားတဲ့ သူ့ရဲ့ ဘဝထဲမှာ ခွန်အားတွေ ပြန်လည် ရှာဖွေရင်း... အိပ်မက်တွေ၊ မိသားစုနဲ့ ယုံကြည်ချက်တွေကို ဘယ်လိုမျိုး အခက်အခဲကြားက ပြန်လည် တည်ဆောက်သွားမလဲဆိုတာကို စိတ်ဓာတ်ခွန်အားရဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း