ဇာတ်ကားများ ရွေးရန်

Memory of Princess Mumbi

2026ဇာတ်ကားအမှတ် 5.6/1079 မိနစ်

Memory of Princess Mumbi (2025) နည်းပညာတွေ ပိတ်ပင်ထားတဲ့ ၂၀၉၃ ခုနှစ် အနာဂတ်ကာလမှာ... ရုပ်ရှင်ရိုက်ကူးသူ လူငယ်လေးတစ်ယောက် AI နည်းပညာမပါဘဲ သဘာဝအတိုင်း ရုပ်ရှင်ရိုက်ရင်း ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားပုံကို ရိုက်ကူးထားတဲ့ Sci-Fi / Drama ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ် ၂၀၉၃ ခုနှစ်မှာ စတင်ထားတာပါ။ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးနောက်ပိုင်းမှာ "အူမာတာဆိုတဲ့ ဒေသမှာ ခေတ်မီ နည်းပညာအသုံးအဆောင်တွေကို လုံးဝ ပိတ်ပင်တားမြစ်လိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာ ရုပ်ရှင်ရိုက်ကူးသူ လူငယ်လေး "ကူဗေး"ဟာ နည်းပညာမဲ့သွားတဲ့ ထိုဒေသရဲ့ လူနေမှုဘဝကို မှတ်တမ်းတင်ဖို့ အူမာတာဆီ ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီမှာ ဒေသခံ ရုပ်ရှင်ရိုက်ကူးသူမလေး "မွမ်းဘီ"နဲ့ ဆုံတွေ့ခဲ့ရပြီး မွမ်းဘီ က ကူဗေး ကို AI နည်းပညာတွေ လုံးဝ မသုံးဘဲ ရုပ်ရှင်ဖန်တီးကြည့်ဖို့ စိန်ခေါ်လိုက်ပါတယ်။ ဒီစိန်ခေါ်မှုကို လက်ခံရင်းနဲ့ပဲ ကူဗေး ဟာ အရင်က သတိမမူမိခဲ့တဲ့ ဘဝရဲ့ ရိုးရှင်းတဲ့ အလှအပတွေ၊ သဘာဝတရားနဲ့ လူတွေကြားက စစ်မှန်တဲ့ သံယောဇဉ်တွေကို ပြန်လည် ဖော်ထုတ်တွေ့ရှိသွားပုံကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း