Filipiñana
Filipiñana (2026) ဖိလစ်နိုင်ငံရဲ့ ခမ်းနားထည်ဝါပြီး စိမ်းလန်းစိုပြည်နေတဲ့ ဂေါက်ကွင်းကြီးတစ်ခုရဲ့ နောက်ကွယ်က လူတန်းစား ခွဲခြားမှုတွေ၊ အရင်းရှင်စနစ်ရဲ့ ရက်စက်မှုတွေနဲ့ အလုပ်သမားတွေ ခံစားနေရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ပုံဖော်ထားတဲ့ ဖိလစ်ပိုင်-ဗြိတိန် ပူးပေါင်းဖန်တီးမှု Black Comedy / Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရေရှားပါးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ မနီလာမြို့ရဲ့ ဆင်းရဲသား ရပ်ကွက်တစ်ခုကနေ စတင်ပါတယ်။ အဲ့ဒီနောက်မှာတော့ အလွန်အမင်း စိမ်းလန်းစိုပြည်အောင် ရေသွင်းထားတဲ့ သီးသန့် ဂေါက်ကွင်းကြီးတစ်ခုဆီ မြင်ကွင်းပြောင်းသွားပြီး၊ အသက် ၁၇ နှစ်အရွယ် ကောင်မလေး အစ္စဘဲဟာ အဲ့ဒီနေရာမှာ ဂေါက်သီးတွေ တင်ပေးရတဲ့ "tee-girl" တစ်ဦးအဖြစ် ဝင်ရောက် လုပ်ကိုင်လာပါတော့တယ်။ အဲ့ဒီဂေါက်ကွင်းမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေဟာ ပုံမှန်အားဖြင့် ပူပြင်းမှု၊ အထီးကျန်ဆန်မှုနဲ့ လုပ်အားခ နည်းပါးမှုတွေကို ခံစားနေရသူတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အစ္စဘဲဟာ ဂေါက်ကွင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ပါလန်ကာနဲ့ ဆုံတွေ့ပြီး သူတို့ရဲ့ ဒေသခံချင်း တူညီတာကြောင့် ရင်းနှီးလာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်း ကြာလာတာနဲ့အမျှ အစ္စဘဲတစ်ယောက် ဒီဂေါက်ကွင်းကြီးရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတဲ့ အကြမ်းဖက်မှုတွေ၊ သူမရဲ့ မိသားစုကို အရင်က မတရား နှင်ထုတ်ခဲ့တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ အမှန်တရားတွေကို တစ်စချင်း ရှာဖွေတွေ့ရှိလာရတဲ့အခါမှာတော့...ဘာတွေနဲ့ရင်ဆိုင်ရမလဲံ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
ဇာတ်လမ်းအကြောင်း