ဇာတ်ကားများ ရွေးရန်

CHAT

2026ဇာတ်ကားအမှတ် 9.5/1094 မိနစ်

CHAT (2026) ဒီဇာတ်ကားကတော့ ဒေါ်လာ ၂ သောင်းခွဲထဲနဲ့ ၂ ပတ်အတွင်း အမြန်ရိုက်ကူးထားခဲ့ပေမဲ့ ငွေအနည်းငယ်ပဲ သုံးထားပြီး Amazon Prime Video လို ကမ္ဘာကျော် Platform ပေါ်အထိ တက်လာနိုင်ခဲ့လို့ အတော်လေး အောင်မြင်တဲ့ ကားလေးလို့ သတ်မှတ်ကြပါတယ်။ ခင်ပွန်းဖြစ်သူ Brad၊ သူရဲ့ ကိုယ်ဝန်ဆောင်ဇနီး Michelle နဲ့ သားလေး Michael တို့ မိသားစုက ဘဝသစ်စဖို့ တက္ကဆက်ပြည်နယ်က လူသူဝေးတဲ့ တောရွာဆန်ဆန် နေရာသစ်တစ်ခုကို ပြောင်းလာကြပါတယ်။ အဲဒီမှာ အိမ်အသစ်ကို ရှင်းလင်းရင်း သားဖြစ်သူ မိုက်ကယ်က ဗီရိုထဲမှာပစ်ထားတဲ့ တက်ဘလက် (Tablet) အဟောင်းတစ်လုံး သွားတွေ့ခဲ့တယ်။ အဲဒီတက်ဘလက်ထဲမှာ ထူးဆန်းတဲ့ AI ပရိုဂရမ်တစ်ခု ရှိနေပြီး သူ့ရဲ့ ကြောက်စရာ စည်းကမ်းကတော့ "မင်းဘက်က ပြန်စာ (Replay) ပို့လိုက်တာနဲ့ မင်းသေရမယ်" ဆိုတာပါပဲ။ ဒါကြောင့် သူတို့မိသားစု တက်ဘလက်ကို စသုံးလိုက်တာနဲ့ အိမ်ထဲကို သဘာဝလွန် သရဲတစ္ဆေတွေနဲ့ မိစ္ဆာတွေ ရောက်လာပြီး ခြောက်လှန့်ပါတော့တယ်။ ဒီ AI ရဲ့ နောက်ကွယ်မှာ အဲဒီမြို့လေးက လူတွေရဲ့ လောဘဇော၊ အဂတိလိုက်စားမှုနဲ့ မှောင်မိုက်တဲ့ လူသတ်မှု လျှို့ဝှက်ချက်တွေ ရှိနေတာကို မိသားစုက စုံစမ်းသိရှိသွားပြီးနောက်မှာတော့ အချိန်မလွန်မီ အားလုံး အသက်ရှင်အောင် ကြိုးစားနိုင်ပါ့မလားဆိုတာကတော့....။ File size… (1.3 GB) / (780 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Horror, Thriller Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း