ဇာတ်ကားများ ရွေးရန်

Shakespeare in Love

1998ဇာတ်ကားအမှတ် 6.8/10124 မိနစ်

Shakespeare In Love (1998) ဒီဇာတ်ကားလေးကတော့ အားလုံးသိထားကြတဲ့ ဝီလျံ ရှိတ်စပီးယားရဲ့ ဘဝဇာတ်ကြောင်းကိုမှ ၉၀ ရာစုမှာ သူ့ခေတ်နဲ့အညီ ပြန်လည်မွမ်းမံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှိတ်စပီးယားဟာ နောက်ထပ်လက်ရာ ပြဇာတ်တစ်ခု ရေးသားဖို့ ကြိုးစားနေရင်း အကြံအိုက် ဦးနှောက်ကုန်နေခဲ့ပြီး သူ့အတွေးတွေနဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးမဲ့ မီးပွားလေးတစ်ခုကို မျှော်လင့်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဗိုင်အိုလာဆိုတဲ့ မျိုးရိုးမြင့် သခင်မလေးက ပြဇာတ်တွေ၊ ကဗျာတွေကို အလွန်အမင်း သဘောကျသူ ဖြစ်ပြီးတော့ ပြဇာတ်မှာ ကိုယ်တိုင်ဝင်ရောက် သရုပ်ဆောင်ချင်တဲ့အတွက် မိဘတွေ နယ်သွားတုန်း ယောက်ျားလေးလို ဟန်ဆောင်ဝတ်စားပြီး ပြဇာတ်ရုံကို လူရွေးပွဲ လာဖြေပါတော့တယ်။ ဗိုင်အိုလာရဲ့ သရုပ်ဆောင်နိုင်စွမ်းဟာ အရမ်းကို လှပတဲ့အတွက် ရှိတ်စပီးယားဟာ စိတ်ကူးစိတ်သန်းတွေ ကွန့်မြူးလာပါတော့တယ်။ ဒီလိုကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဇာတ်ရှိန်မြင့်တက်လာမလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း