ဇာတ်ကားများ ရွေးရန်

Mr. Malcolm's List

2022ဇာတ်ကားအမှတ် 6.1/10117 မိနစ်

၁၈၁၈ ခုနှစ် အင်္ဂလန်မှာ ရုပ်ရည်ချောမောပြီး ငွေကြေးပြည့်စုံတဲ့ လူပျိုတစ်ယောက်ကို အမျိုးသမီးတွေက သဘောကျနေကြပါတယ်။ သူကလည်း အိမ်ထောင်ဖက် မရှာချင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူလက်ထပ်မယ့်သူမှာ ရှိရမယ့်အရည်အချင်းတွေကို စာရင်းလုပ်ထားပြီး အဲဒီစာရင်းနဲ့ ကိုက်မှပဲ လက်ခံချင်နေတာပါ။ ရုပ်ချောရမယ်၊ ဉာဏ်ကောင်းရမယ်၊ မျိုးရိုးကောင်းရမယ်ဆိုတာတွေအပြင် မျက်စမပစ်ရဘူးဆိုတဲ့ အသေးစိတ်အချက်တွေအထိ ထည့်ထားပါတယ်။ သူ့ရဲ့ငြင်းပယ်မှုကို ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ကတော့ ဒီအတိုင်း မကျေနပ်နိုင်ဘဲ လက်စားချေဖို့ စီစဉ်ပါတော့တယ်။ သူ့သူငယ်ချင်းကို အဲဒီလူပျိုကြီး သဘောကျလောက်မယ့်ပုံစံဖြစ်အောင် ပြုပြင်ပေးပြီး ချဉ်းကပ်စေပါတယ်။ အစီအစဉ်အတိုင်းပဲ လူပျိုကြီးက သူ့သူငယ်ချင်းကို သဘောကျသွားတဲ့အခါ သုံးယောက်ကြားက အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ဟာသ၊ အချစ်ဇာတ်လမ်းနဲ့ တွဲတင်ဆက်ထားပါတယ်။ Zawe Ashton က အဓိကဇာတ်ကောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း