ဇာတ်ကားများ ရွေးရန်

The Battle of Algiers

1966ဇာတ်ကားအမှတ် 7.9/10122 မိနစ်

“လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို အကြမ်းဖက်သမားလို့ ခေါ်မလား၊ ကိုယ့်နိုင်ငံအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေလို့ ခေါ်မလား” ၁၉၅၀ ပြည့်လွန်နှစ်အတွင်းမှာ အယ်လ်ဂျီးယားစ်နိုင်ငံဟာ ပြင်သစ်ကိုလိုနီအုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ ကိုယ့်မြေ၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်အနာဂတ်ကို ပြန်လည်ပိုင်ဆိုင်ချင်တဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေက တဖြည်းဖြည်း ပေါက်ကွဲလာပြီး နိုင်ငံတစ်ဝန်းမှာ လွတ်လပ်ရေးတိုက်ပွဲကြီးတစ်ခု အသက်ဝင်လာပါတော့တယ် ဒီတိုက်ပွဲရဲ့ ဗဟိုချက်ဖြစ်လာတာကတော့ အယ်လ်ဂျီးယားစ်မြို့တော်ရဲ့ လူစည်ကားလှတဲ့ ကက်စဘာ ရပ်ကွက်လေးပါပဲ။ လမ်းကျဉ်းကြားထဲ လူထူထပ်တဲ့ ဈေးတွေ၊ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကြားမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ စတင်လာတဲ့အခါ ပြင်သစ်စစ်တပ်ကလည်း အင်အားအပြည့်နဲ့ တုံပြန်လာပါတယ် တစ်ဖက်မှာလည်း လွတ်လပ်ရေးအတွက် အသက်စွန့်ဖို့ အသင့်ရှိနေတဲ့ တော်လှန်ရေးသမားတွေ၊ တစ်ဖက်မှာတော့ အမိန့်နဲ့ စစ်ရေးနည်းဗျူဟာတွေကို အသုံးပြုပြီး အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်အဖွဲ့... ဒီလို့နဲ့ မြို့တစ်မြို့လုံးဟာ ဘယ်သူ့ကို ယုံကြည်ရမလဲ၊ ဘယ်သူ့ဘက်မှာ ရပ်တည်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲလာတဲ့ စစ်မြေပြင်တစ်ခု ဖြစ်လာပါတယ် လွတ်လပ်ရေးတိုက်ပွဲတစ်ခုရဲ့ သွေးမြေကျမှုတွေ၊ အနစ်နာခံမှုတွေနဲ့ လူ့အဖွဲအစည်းတစ်ခုရဲ့ ရုန်းကန်လှုပ်ရှားမှုကို အကောင်းဆုံး ပုံဖော်ထားတာမို့ နိုင်ငံရေးဇာတ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ

ဇာတ်လမ်းအကြောင်း