ဇာတ်ကားများ ရွေးရန်

Mr. Deeds

2002ဇာတ်ကားအမှတ် 5.8/1096 မိနစ်

ဘလိတ်မီဒီယာကို ဦးဆောင်နေတဲ့ ပရက်စတန်ဘလိတ် ကွယ်လွန်သွားတဲ့အခါ သူချန်ခဲ့တဲ့ အမွေပစ္စည်းတွေနဲ့ ရှယ်ယာတွေကို ဆက်ခံမယ့်သူ လိုက်ရှာကြပါတယ်။ အဲဒီလိုရှာရင်း လူသိနည်းတဲ့ မြို့လေးတစ်မြို့မှာ နေထိုင်နေတဲ့ သူ့တူ လောင်းဖဲလိုးဒိစ်ကို တွေ့သွားကြတယ်။ ဒိစ်က ရိုးရိုးအေးအေးနေတတ်ပြီး သူများကို ကူညီချင်စိတ်အပြည့်ရှိတဲ့သူပါ။ အမွေဆိုင်ရာ စာရွက်စာတမ်းကိစ္စတွေ လုပ်ဖို့ နယူးယောက်ကို လိုက်လာရင်း မီဒီယာတစ်ခုက သတင်းထောက် ပန်ဒေါ်ဆန်နဲ့ တွေ့ဆုံလာပါတယ်။ ဒီတွေ့ဆုံမှုကနေ ဒိစ် ဘယ်လိုပြဿနာတွေ ကြုံရမလဲဆိုတာ ဆက်ပြထားတဲ့ အချစ်ဟာသဇာတ်လမ်းပါ။ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး ဒိစ်အဖြစ် Adam Sandler နဲ့ ပန်ဒေါ်ဆန်အဖြစ် Winona Ryder တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း