ဇာတ်ကားများ ရွေးရန်

Radhe Shyam

2022ဇာတ်ကားအမှတ် 5.2/10138 မိနစ်

ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းမှာ Prerana က သက်သေအထောက်အထားရှိတဲ့ လက်တွေ့အချက်အလက်တွေကိုပဲ ယုံကြည်တဲ့ ဆရာဝန်မလေးပါ။ Aditaya ကတော့ ဟောသမျှ မလွဲဖူးလို့ “ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း” ဆိုပြီး ကျော်ကြားနေတဲ့ လက္ခဏာဆရာတစ်ယောက် ဖြစ်ပါတယ်။ ယုံကြည်ချက်ချင်း လုံးဝမတူတဲ့ သူတို့နှစ်ယောက် ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ ဆုံမိကြပြီး Aditaya က Prerana ကို ချစ်မိသွားတယ်။ ဒါပေမဲ့ Prerana မှာ ရှားပါးပြီး ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပါတယ်။ အသက်ရှင်ဖို့ လပိုင်းသာ ကျန်တော့တဲ့ Prerana နဲ့ ကိုယ့်လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့ Aditaya တို့ အတူတူ ရှေ့ဆက်နိုင်ကြမလားဆိုတာကို ဇာတ်လမ်းက မေးထားတယ်။ Baahubali နဲ့ လူသိများတဲ့ Prabhas က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်ဝင်တေးတွေကို တယ်လဂူနဲ့ ဟိန္ဒီ နှစ်မျိုး ဖန်တီးထားပြီး Aditaya ဇာတ်ကောင်ကိုတော့ ဥရောပက နာမည်ကြီးလက္ခဏာဆရာ Cheiro ကို အခြေခံစိတ်ကူးယူထားပါတယ်။

ဇာတ်လမ်းအကြောင်း