ဇာတ်ကားများ ရွေးရန်

Ayngaran

2022ဇာတ်ကားအမှတ် 5.0/10135 မိနစ်

မာသီက သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို ဝါသနာပါတဲ့ လူငယ်တစ်ယောက်ပါ။ ကိုယ့်ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ နေ့တိုင်းကြိုးစားနေပေမယ့် အငြင်းခံရတာ များလွန်းလို့ အဲဒီအဖြစ်နဲ့တောင် အသားကျနေပြီ။ အိပ်မက်ကြီးကြီးရှိသလို မတရားတာမြင်ရင် ငြိမ်မနေနိုင်ဘဲ လူတွေကို ကူညီအကျိုးပြုပေးတတ်သူလည်း ဖြစ်ပါတယ်။ သူ့အကြောင်းနဲ့အပြိုင် နောက်တစ်ဖက်မှာတော့ လူခြောက်ယောက်အဖွဲ့က အစီအစဉ်တွေ အသေအချာချပြီး လက်ဝတ်ရတနာဆိုင်တွေကို လိုက်ဖောက်နေကြတယ်။ သူတို့က စိန်တွေကိုပဲ သီးသန့်ခိုးယူနေကြတာပါ။ ဒီလူခြောက်ယောက်နဲ့ မာသီ ဘယ်လိုတွေ့ဆုံကြမလဲ၊ တွေ့ဆုံမိရာက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို ဇာတ်အိမ်နှစ်ခု အပြိုင်တည်ပြီး ပြောပြထားပါတယ်။ အက်ရှင်နဲ့ ဒရာမာ ရောစပ်ထားတဲ့ တမီးလ်ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအစကတည်းက သီချင်းမြူးမြူးတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း