ဇာတ်ကားများ ရွေးရန်

Company

2002ဇာတ်ကားအမှတ် 6.7/10156 မိနစ်

ချန်ဒူတို့အဖွဲ့ဟာ ဈေးလမ်းထဲက သာမန်လူမိုက်တွေဖြစ်ပေမယ့် ရည်မှန်းချက်တော့ ကြီးကြပါတယ်။ ဒီထက်ပိုပြီး နေရာရချင်ကြတဲ့ သူတို့ဟာ မွန်ဘိုင်းမြို့ရဲ့ အကြီးဆုံးဂိုဏ်းတွေထဲက တစ်ခုကို ဦးဆောင်နေတဲ့ မာလစ်ခ်ဘာဟီဆီမှာ အလုပ်လုပ်ဖို့ ရောက်လာကြတယ်။ နှစ်ပေါင်းများစွာ ဒုစရိုက်လောကမှာ ကျင်လည်လာတဲ့ မာလစ်ခ်ကလည်း အလုပ်ကို စေ့စေ့စပ်စပ်လုပ်ပြီး သတ္တိရှိတဲ့ ချန်ဒူကို တခြားသူတွေထက် မျက်နှာသာပေးလာပါတယ်။ အချိန်ကြာလာတာနဲ့ သူတို့နှစ်ယောက်ဟာ ညီအစ်ကိုရင်းတွေလို ရင်းနှီးသွားကြတယ်။ နဂိုကတည်းက နာမည်ရှိပြီးသား မာလစ်ခ်တို့ဂိုဏ်းဟာ အရည်အချင်းရှိပြီး သစ္စာစောင့်သိတဲ့ ချန်ဒူ ရောက်လာတဲ့နောက် ပိုပြီး အင်အားကောင်းလာပါတယ်။ တစ်နယ်လုံးမှာ ယှဉ်နိုင်တဲ့သူ ရှားလာပေမယ့် မွန်ဘိုင်းဒုစရိုက်လောကထဲက အတိုက်အခိုက်တွေကိုတော့ ဆက်ဖြေရှင်းနေရဆဲပါ။ အဲဒီအချိန်မှာပဲ တာဝန်ကျတဲ့နေရာတိုင်း ရာဇဝတ်မှုဖြစ်ပွားနှုန်း ကျသွားတယ်လို့ နာမည်ကြီးတဲ့ ဉာဏ်ကောင်းကောင်းနဲ့ ရဲမှူးကြီးတစ်ယောက် မွန်ဘိုင်းကို ရောက်လာတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မာလစ်ခ်တို့အဖွဲ့ကို ထောင်ထဲရောက်အောင် ပို့ဖို့ပါပဲ။

ဇာတ်လမ်းအကြောင်း