ဇာတ်ကားများ ရွေးရန်

Virgin People

1984ဇာတ်ကားအမှတ် 5.5/10120 မိနစ်

မြို့ပေါ်ကလူတွေရဲ့ မာယာများမှုနဲ့ ဖြူစင်သူတွေကို အနိုင်ကျင့်တတ်မှုတွေကနေ ဝေးစေချင်တဲ့အတွက် ဖခင်တစ်ယောက်ဟာ သမီးသုံးယောက်နဲ့အတူ မြို့ပြနဲ့ဝေးတဲ့ တောင်ပေါ်မှာ နေထိုင်ခဲ့ပါတယ်။ အီခန်၊ တိုင်လာနဲ့ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောထဲမှာပဲ ကြီးပြင်းလာကြတော့ ပြင်ပလောကနဲ့ လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ကြဘူး။ သူတို့အတွက် အဖော်ပြုစရာဆိုလို့ ကျမ်းစာပဲ ရှိပါတယ်။ သူတို့ဖခင်ဆီ တစ်လတစ်ခါ လာတတ်တဲ့ ချိုအင်ဂါဆိုတဲ့ ဦးလေးကြီးတစ်ယောက်တော့ ရှိတယ်။ သူလာတိုင်း မြို့ပေါ်က လက်ဆောင်တွေ ယူလာတတ်လို့ ညီအစ်မသုံးယောက်ဟာ မြင်းလှည်းသံကြားတိုင်း မျှော်နေတတ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာ ဖခင် ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့ရဲ့ဘဝက ပြောင်းလဲဖို့ ဖြစ်လာတယ်။ သူတို့မျှော်နေကျ ချိုအင်ဂါက ဘယ်လိုအနိုင်ကျင့်မှုတွေ လုပ်လာမလဲ၊ လောကကြီးအကြောင်း မသိသေးတဲ့ ညီအစ်မသုံးယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ။

ဇာတ်လမ်းအကြောင်း