Seed of Darkness
နာမည်အသင့်အတင့်ရနေတဲ့ စာရေးဆရာမ ယန်ဟာ အိမ်ပြောင်းဖို့ အလုပ်ကနေ အချိန်အတော်ကြာ ခွင့်ယူထားပါတယ်။ စာရေးဖို့သင့်တော်တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့အိမ်ကို သူရွေးလိုက်တာကြောင့် မောင်ဖြစ်သူတောင် အံ့ဩနေခဲ့တယ်။ ယန်နဲ့ သမီးလေး ရင်ရင်တို့ အိမ်သစ်မှာ ပစ္စည်းတွေနေရာချနေကြချိန်ကတည်းက သူတို့နောက်ကို တစ်ယောက်ယောက် လိုက်လာသလို ခံစားနေရပါတယ်။ အလုပ်ပြန်တက်တဲ့အခါ ယန်ဟာ သူဌေးဆီ စာရွက်အလွတ်တစ်ထုပ်ကြီး မှားပေးမိတယ်။ နောက်မှ စာရွက်တွေကို ရင်ရင်ရဲ့အိပ်ခန်းထဲမှာ ပြန်တွေ့ရပြီး သမီးကို မေးဖို့လုပ်တော့ ရင်ရင်က ဖေဖေနဲ့ စကားပြောနေတယ်လို့ ပြောလာပါတယ်။ ရင်ရင်ဟာ သုတ်ပိုးအလှူရှင်ကို အသုံးပြုပြီး မွေးထားတဲ့ကလေးဖြစ်တာကြောင့် ယန်က သူ့မှာ အဖေမရှိကြောင်း ရှင်းပြတယ်။ ဒါပေမယ့် ရင်ရင်ကတော့ အဖေဟာ အခုသူ့ဘေးမှာ ရှိနေပြီး မကြာခင် သူ့ကိုခေါ်သွားတော့မယ်လို့ ပြန်ပြောပါတယ်။ သမီးပြောတဲ့စကားတွေနဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေကို ယန် ဘယ်လိုဖြေရှင်းမလဲ၊ သူတို့နောက် လိုက်နေသလိုခံစားရတဲ့အရာက ဘာဖြစ်မလဲဆိုတာ မသိရသေးပါဘူး။
ဇာတ်လမ်းအကြောင်း