ဇာတ်ကားများ ရွေးရန်

Crouching Tiger, Hidden Dragon

2000ဇာတ်ကားအမှတ် 7.4/10120 မိနစ်

အော်စကာလိုဆုကြီးကိုပါ သိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Ang Lee ရဲ့ ၂၀၀၀ပြည့်နှစ်ကရုံတင်ခဲ့တဲ့ ဂန္တဝင်မြောက်တရုတ်သိုင်းရုပ်ရှင်ကြီးပဲဖြစ်ပါတယ်။ Chow Yun-fat,Michelle Yeohနဲ့ Zhang Ziyi တို့ရဲ့အနုပညာကိုကမ္ဘာကသိစေခဲ့တဲ့ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားကနေပြီးတော့ သိုင်းပညာရဲ့အနုပညာကိုခံစားရရုံတင်မကပဲ ရယူခြင်းမဟုတ်တဲ့အချစ်ရဲ့ ခမ်းနားပုံကိုလဲ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။သိုင်းလောကရဲ့ထိပ်တန်းဓားသမားကြီးတစ်ယောက်ဖြစ်တဲ့ လီမုပိုင်ဟာ နှစ်ပေါင်းများစွာ သိုင်လောကပဋိပက္ခတွေကြားကျင်လည်ခဲ့ပြီး သွေးစွန်းတဲ့သိုင်းလောကကိုငြီးငွေ့လာတာကြောင့် သူ့ရဲ့ရတနာဓားဖြစ်တဲ့ ချင်းမင်ဓားကို သခင်ကြီးထျယ်ဆီကိုအပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီဓားကိုပို့ပေးဖို့ သူ့ရဲ့ထုတ်မပြောရက်ပဲ ရင်ထဲကချစ်ရတဲ့ ယွီရှို့လျန်ကိုအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီရတနာဓားက မြို့တော်ကိုရောက်တဲ့ညမှာပဲ မျက်နှာဖုံးစွပ်ထားတဲ့သူခိုးတစ်ယောက်ခိုးသွားတာကိုခံလိုက်ရပါတယ်။ တကယ်တော့ ဒီသူခိုးလေးက အထက်တန်းစား အရာရှိသမီးတစ်ယောက်ဖြစ်ပြီးတော့ လှောင်အိမ်ထဲမှာငှက်ကလေးလိုနေရမယ့်ဘဝကိုမုန်းတီးပြီး သိုင်းလောကမှာလွတ်လွတ်လပ်လပ် ပျံသန်းချင်နေတဲ့ သခင်မလေး ယွိကျောင်းလုံဖြစ်နေပါတယ်။ ချင်းမင်ဓားပျောက်ဆုံးမှုနောက်ကွယ်က သဲလွန်စတွေကို ယွီရှို့လျန်ကရိပ်မိသွားတဲ့အခါမှာတော့ ဆရာဖြစ်သူအတွက် ကလဲ့စားချေဖို့ရောက်လာတဲ့ လီမုပိုင်နဲ့အတူ သူတို့အားလုံးရဲ့ကံကြမ္မာဟာလဲ ရှုပ်ထွေးလှတဲ့ သိုင်းလောကရဲ့ရေစီးကြောင်းထဲကိုပြန်နစ်မြုပ်သွားပါတော့တယ်။ သိုင်းလောကရဲ့အိပ်မက်တွေကို တရုတ်ပြည်ရဲ့တောတောင်အလှအပတွေကြားမှာ လွင့်မြောရင်း ကဗျာဆန်တဲ့ သိုင်းလောကရဲ့ဂန္တဝင်လက်ရာတစ်ခုကို ပြန်ခံစားလိုက်ကြပါဦးနော် Filesize : 1.60 GB / 809 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Adventure, Drama, Action, and Romance Runtime : 2h Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း