ဇာတ်ကားများ ရွေးရန်

The Secret Of The Shiledars

2025ဇာတ်လမ်းတွဲအမှတ် 6.0/10

The Secret of the Shiledars 2025 မေ့လျော့ခံသူရဲကောင်းတွေရဲ့ ပဲ့တင်သံ အက်ရှင် စွန့်စားခန်းတွေနဲ့ ပဟေဠိဆန်ဆန် ဒဏ္ဍာရီတွေကိုကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် စီးရီးကောင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ရာဗီဟာ ကားမတော်တဆမှုကြောင့် ငယ်စဉ်ကတည်းက သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ မိသားစုတစ်ခုက သူ့ကိုခေါ်ယူမွေးစားခဲ့တာမို့ သူ့ဘဝခရီးလမ်းဟာ သာယာဖြောင့်ဖြူးပြီး ပူပင်ကြောင့်ကြမဲ့ နေထိုင်လာရပါတယ်။ သူဟာ ဆရာဝန်တစ်ယောက်ဖြစ်လာပေမဲ့ သမိုင်းရာဇဝင်တွေကို စိတ်ဝင်စားသူတစ်ဦးပါ။ တစ်နေ့မှာသူ့ကို စာအုပ်ဖြန့်ဖြူးရေးပွဲတစ်ခုဖိတ်လို့ တက်ရောက်ချိန် တရားသူကြီးတစ်ဦးက စင်မြင့်မှာ မူးလဲသွားပါတယ်။ သူကဆရာဝန်မို့ လူနာအခြေအနေသိဖို့ စင်ပေါ်တက်သွားပါတယ်။ ဒါပေမဲ့သူအနားရောက်သွားတာနဲ့ တရားသူကြီးက သူ့ကို သူ့ဖခင်ပြောကြားဖူးတဲ့ လျှို့ဝှက်စကားကိုသုံးလို့ဆက်သွယ်လာပြီး သူ့ကိုလာတွေ့ခိုင်းလေရဲ့။ သူရောက်ရှိသွားချိန်မှာတော့ အံ့သြဖွယ်‌ကောင်းလောက်အောင် သူ့အကြောင်းတွေကိုသိနေသူ တရားသူကြီးက သူ့ဘဝအစစ်အမှန်ကို ပြောပြပါတော့တယ်။ ချတ်တရာပါတီ ရှီဗာဂျီမဟာရာ့ဂ်ျသမိုင်းကြောင်းကိုသူစိတ်ဝင်စားလို့ လိုက်စားနေတာသာမန်မဟုတ်ကြောင်း၊ သူ့ဖခင်နေရာကို ဆက်ခံပြီး သူ့ဖခင်ကာကွယ်ရင်းသေဆုံးခဲ့ရတဲ့ သူတို့မျိုးနွယ်စုရဲ့ ရတနာကို သူပါဆက်လက်ကာကွယ်ရမယ့်အကြောင်း ပြောကြားလာပါတော့တယ်။ သူတို့ရဲ့ ရာစုနှစ်ကြာ အမွေအနှစ်ကို ပြိုကွဲပျက်ပြားစေဖို့ ခြိမ်း‌ခြောက်လာတဲ့ အမှောင်စွမ်းအားတစ်ခု ပေါ်ပေါက်လာချိန်မှာတော့ သူတို့အမိန့်ရဲ့ မူလအစနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ စွန့်စားရမယ့်ခရီးစဉ်ကို စတင်ရပါတော့တယ်။ သူတို့ရဲ့သစ္စာရှိမှု၊ ခွန်အားနဲ့ ကံကြမ္မာကိုစမ်းသပ်တဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ရှုအဖြေထုတ်ကြည့်ပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File Size – 1 GB (Appx;)@Episode Quality – 1080p WEB DL Duration – 40 minute (@Episode) Total Episodes: 6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Action ~ Adventure Translator – CM Bollywood Team Encoder – YK

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း