The Final Score
The Final Score (2022) ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ နီးကပ်လာပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့သမိုင်းတလျောက် နှမြောစရာအကောင်းဆုံး ကြေကွဲဖို့ အကောင်းဆုံးဖြစ်ရပ်တစ်ခုအကြောင်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့Netflix စီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၄ခုနှစ် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားမှာကိုလံဘီယာ လက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲတွေမှာ ရလဒ်တွေ ကောင်းခဲ့သလို ကိုလံဘီယာသားတွေကလည်း ဖလားမှန်းတဲ့အထိကိုမျှော်လင့်ချက်တွေ ကြီးခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ပြိုင်ပွဲမှာ အုပ်စုတက်ရေး အဆုံးအဖြတ်အဖြစ် အိမ်ရှင်အမေရိကန်အသင်းနဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်။ သရေကျရင်တောင် အုပ်စုကတက်နိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ထိုပွဲစဉ်မှာ အမေရိကန်အသင်းကို ၂ - ၁ဂိုးနဲ့အရေးနိမ့်သွားခဲ့ပါတယ်။ ရှုံးချက်နာတာက အသင်းရှုံးစေခဲ့တဲ့ ဂိုးကို ကိုလံဘီယာနောက်ခံလူ အန်ဒရေအက်စ်ကိုဘားက Own goalအဖြစ်သွင်းယူခဲ့မိတာပါ။ ဒီဂိုးကြောင့် ကိုလံဘီယာသားတွေရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောသွားသလို အက်စ်ကိုဘားအပေါ် အမြင်မကြည်လင်သူတွေ များစွာ ရှိခဲ့တာပါ။ ဒါပေမဲ့ ထိုကိစ္စကပဲ သူ့အသက်ကို ဇီဝိန်ချုပ်သွားမယ်လို့အက်စ်ကိုဘားရော ကိုလံဘီယာသားတွေရော ထင်ခဲ့မှာမဟုတ်ပါဘူး ၁၉၉၄ဇူလိုင်၂ရက် မနက်အစောပိုင်းမှာ ဇာတိမြို့ မယ်ဒလင်းမှာရှိတဲ့ဘားတစ်ခုက ထွက်လာတဲ့ အက်စ်ကိုဘားကို လူတစ်စုက သေနတ်နဲ့ ၁၂ချက်တိတိ ပစ်ခတ်သတ်ဖြတ်သွားခဲ့ပါတယ်။ လူသတ်သမားလို့ ယူဆရသူဟာ ထိုခေတ်က ကိုလံဘီယာရဲ့ထိပ်သီးမူးယစ်ရာဇာတွေရဲ့ လက်စွဲလို့ယုံကြည်ရပြီး အက်စ်ကိုဘားကြောင့် လောင်းကြေးငွေအများအပြား ဆုံးရှုံးခဲ့ကြတယ်လို့ ယူဆရပါတယ်။သံသယရှိသူကို ထောင်ဒဏ်၄၃နှစ်ချခဲ့ပေမယ့် လျှော့ရက်တွေရှိလို့ ၁၁နှစ်သာ ကျခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ကြောင့်ပဲ နိုင်ငံ့လက်ရွေးစင်ကစားသမားကောင်းတစ်ယောက် အသက်ဆုံးရှူံးသွားခဲ့ရပါတယ်။ ဒီSeriesမှာတော့ အက်စ်ကိုဘားရဲ့ ကစားသမားဘဝ ကနဦးအစမှလုပ်ကြံခံရသည်အထိ အဖြစ်အပျက်များကို Biography series အဖြစ် တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစီးရီးမှာ အန်ဒရေရဲ့ကစားသမားဘဝ အနိမ့်အမြင့် အတက်အကျတွေရော ကိုလံဘီယာ မူးယစ်ရာဇာတွေရဲ့ အားကစားလောကထဲ ခြေချင်းလိမ်ပုံ၊ လုပ်ပွဲအရှုပ်အထွေးတွေနဲ့ သူတို့ရဲ့ပတ်သက်ပုံ၊ သေနတ်တစ်လက်ရှိနေရင် ဘယ်သူ့အသက်မှ အာမခံချက်မရှိပုံများကိုပါ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးရောစပ်တင်ဆက်ပေးထားလို့ ကမ္ဘာ့ဖလားကာလနဲ့ အချိန်ကိုက်ပဲ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sports Quality…. 1080p | 720p | 480p File size… 600MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း