ဇာတ်ကားများ ရွေးရန်

Club Friday Season 17 : Theory of Love_No Such Thing as Coincidence

2025ဇာတ်လမ်းတွဲ45 မိနစ်

တိုက်ဆိုင်မှု ဟူသည် မရှိ (၂၀၂၅) ဒီတစ်ခါမှာတော့ The Lady and Her Love ဇာတ်ကားထဲက အီထုန်မရဲ့ တတိယမြောက်လင်တော်မောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားချောလေး Iang Sittha Sapanuchart ပါဝင်ထားပါတယ်။ ကိုယ့်ဘဝကို တစ်ယောက်တည်းပဲ အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ အူအာဆိုတဲ့ကောင်မလေးတစ်ယောက်၊ သူဟာ ချစ်သူလည်းမထားဘဲ တစ်ဦးတည်းပဲ အေးဆေးတဲ့ဘဝလေးမှာ ပျော်နေတဲ့သူပေါ့။ အေးအေးဆေးဆေးပဲ နေနေတဲ့ သူ့ဘဝထဲကို တစ်နေ့မှာတော့ ကောင်လေးတစ်ယောက်ရောက်လို့လာခဲ့ပါတယ်။ အဲဒီကောင်လေးဟာ ချစ်စရာကောင်းပြီးတော့ စကားလှလှလေးတွေပြောပြီးတော့လည်း ဆွဲဆောင်တတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ အဲဒီကောင်လေးကို သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ် သတ်မှတ်လိုက်ပြီးတဲ့နောက်မှာပဲ ကောင်လေးဟာ လိမ်စားတတ်တဲ့သူတစ်ယောက်ဖြစ်နေတဲ့အပြင် အူအာ့တင်မကဘဲ တခြားကောင်မလေးရှိနေပြီး အဲဒီကောင်မလေးနဲ့သူ နှစ်ယောက်လုံး ကောင်လေးတစ်ယောက်တည်းကိုပဲ ချစ်မိသွားတာကို သိလာရတဲ့အချိန်မှာတော့ ........ ဘာတွေဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, CharOu, Dao, Trady တို့ပဲ ဖြစ်ပါတယ် Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 800MB | 300MB Format… mp4 Duration…. 45mins Episodes...4 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator .....Mary, CharOu, Dao, Trady Encoder ..... Aaron

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း