ဇာတ်ကားများ ရွေးရန်

Mu-Te-Luv : "Hi" by My Luck

2025ဇာတ်လမ်းတွဲ

ချစ်ကံစေရာ (၂၀၂၅) "Only Boo!" ပထမဆုံး series နဲ့တင် ပရိသတ်တွေရဲ့အသည်းနှလုံးကို အပိုင်သိမ်းယူသွားခဲ့ကြတဲ့ GMMTV ရဲ့ BL #SeaKeen အတွဲလေးရဲ့ ဒုတိယမြောက် Drama စီးရီးလေးကို ထွက်ရှိလို့ လာပါပြီ။ ဒီစီရီးမှာ အပိုင်း (၄) ပိုင်း ပါဝင်မှာြဖစ်ပြီး ပရိသတ်တွေကို ဘယ်လိုဖမ်းစားသွားကြဦးမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။ ကျောင်းရဲ့ဂုဏ်ထူးဆောင် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ "အာ" (အနန်တချိုင်)ဟာ ဒုတိယစာသင်နှစ်ဝက်မှာ ကျောင်းပြောင်းလာတဲ့ အေးစက်စက် မတုန်မလှုပ် ကျောင်းသားသစ် "မာဝင်း"နဲ့ စာနဲ့ပတ်သတ်ပြီး ပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာပဲ "အာ"ဟာ "မာဝင်း"ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ လျော့ကျလာခဲ့ပါတယ်။ ဒီလိုကနေ နိုင်ငံခြားပညာသင်ဆုထိ ရနိုင်တဲ့ စာမေးပွဲကို နိုင်ငံအနှံ့က ကျောင်းသားတွေနဲ့အတူတူ အာနဲ့မာဝင်းတို့ပါ စခန်းသွင်းလေ့ကျင့်ပြီး ဝင်ဖြေဖို့ဖြစ်လာခဲ့ပါတယ်။ "အာ"ဟာ ဘန့်အကြံပေးမှုနဲ့ ရှေ့ဖြစ်ဟောဆရာဆီကနေ အွန်လိုင်းကနေ အကြံတောင်းခဲ့ပါတယ်။ ရလာတဲ့ အကြံပေးချက်အပေါ် အတိတ်ကောက်ပေးလိုက်တဲ့ ဘန့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရလာဖို့ ဘာမဆို လုပ်မယ့် "အာ"၊ "မာဝင်း"နဲ့"အာ" မထင်မှတ်ဘဲ အိပ်တစ်ခန်းထဲ အတူတူတည်းဖို ဖြစ်လာခဲ့ပါတယ်။ ရှေ့ဖြစ်ဟောဆရာနဲ့ဘန့်ရဲ့အတိတ်ကောက်ချက်ကို "အာ"တစ်ယောက် ဘယ်လိုတွေ အကောင်အထည်ဖော်သွားမလဲဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ... အညွှန်းကို​တော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Dao Phyo, Trady တို့ပဲ ဖြစ်ပါတယ်။ Genre..... BL, Drama, School Quality…. 1080p WEB-DL | 720p WEB-DL File size… 600MB | 250MB Format… mp4 Duration….40 min Episodes... 4 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator .....Mary, Char Ou, Dao Phyo, Trady Encoder ..... Aaron

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း