ဇာတ်ကားများ ရွေးရန်

Love Bound

2026ဇာတ်လမ်းတွဲ

အချစ်နှောင်ကြိုး (၂၀၂၆) ကဲ... Thai GL (Girls' Love) ဇာတ်လမ်းကောင်းကောင်းလေးတွေကိုမှ အရသာခံပြီး ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး စာရေးဆရာမ Nawika ရဲ့ ဂန္တဝင်ဝတ္ထု "Sami Ti Tra" ကို အခြေခံပြီး GL ဗားရှင်းအနေနဲ့ အသက်သွင်းထားတဲ့ "Love Bound" (2026) စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ Kongthup's Channel ကနေ တင်ဆက်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Aomsin နဲ့ Folk တို့လို မင်းသမီးချောလေးတွေက အဓိကပါဝင်ထားကြတာပါ။ ဒီဇာတ်ကားလေးက ခေါင်းစဉ်အသီးသီး တပ်ထားတဲ့ အချစ်လမ်းကြောင်း သုံးသွယ်အကြောင်းကို လှလှပပနဲ့ ရင်နင့်ဖွယ် ရိုက်ပြထားတာဖြစ်ပါတယ်။ ပထမအချစ်ကတော့ အစပိုင်းမှာ နေရောင်ခြည်လေးလို လင်းလက်တောက်ပစွာ စတင်ခဲ့ပေမဲ့ အတိတ်က ဒဏ်ရာတွေကြောင့် ပျက်စီးသွားရတဲ့ အချစ်မျိုးပါ။ ဒုတိယအချစ်ကတော့ ကြေမွနေတဲ့ နှလုံးသားတစ်ခုကို အကာအကွယ်ပေးပြီး ကုစားပေးဖို့ အသင့်ရှိနေတဲ့ အဖြူစင်ဆုံး အချစ်မျိုးဖြစ်ပါတယ်။ နောက်ဆုံး တတိယအချစ်ကတော့ အစစ်အမှန်အချစ်ရဲ့ စွမ်းအားအောက်မှာ နှလုံးသားကို အကြွင်းမဲ့ ပုံအပ်လိုက်ရလို့ သံကြိုးခတ်ခံထားရသလို ခံစားရတဲ့ အချစ်မျိုးပဲ ဖြစ်ပါတယ်။ အတိတ်ကဒဏ်ရာတွေနဲ့ အချစ်ရဲ့စွမ်းအားတွေကြားက အားပြိုင်မှုတွေကို Emotional အပြည့်နဲ့ ကြည့်ရှုရမဲ့ Romance Drama လေးဖြစ်လို GL ချစ်သူတွေအနေနဲ့ လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးမို့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။

အပိုင်းများ

1 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း