ဒီရာသီအတွက် Anime အမိုက်စားလေးတစ်ကောင် တွေ့လာပြန်ပြီဗျာ။ ဒီထဲမှာ Mask - မျက်နှာဖုံးတွေက သူ့သဘာဝအလိုက် အစွမ်းတွေရှိပြီး လူတစ်ယောက်က တပ်လိုက်တယ်ဆို အဲဒီအစွမ်းပါဝါတွေကို ရသွားတာမျိုး။ လက်ရှိအရဆို ပင့်ကူမျက်နှာဖုံးတပ်ရင် Spiderman လိုမျိုး ဖြစ်သွားတာတို့ ကြောင်မျက်နှာဖုံးဆို အမှောင်ထဲမြင်ပြီး လျင်မြန်သွားတာတို့နဲ့ တော်တော်စိတ်ဝင်စားစရာကောင်းနေတယ်။ ဇာတ်လမ်းကလည်း မင်းသား Peru ဆိုတာက ဂန္ဓဝင် မျက်နှာဖုံးဖန်တီးသူ ၃ ယောက်ထဲက တစ်ယောက်ရဲ့ တပည့်ဖြစ်ပြီးတော့ အတိတ်ဆိုးတစ်ခု ရှိခဲ့လို့ သာမန်အစွမ်းရှိတဲ့ မျက်နှာဖုံးလေးတွေ ပြုလုပ်လှည့်လည်ရောင်းနေရင်း သူ့ဆရာရဲ့မျက်နှာဖုံးတွေကို လိုက်ပြီးဖျက်ဆီးချင်နေတဲ့ မျက်နှာဖုံးဈေးသည်လေး။ တစ်နေ့ကျ သူ့ဆီက မျက်နှာဖုံးလာခိုးတဲ့ သူခိုးမလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး သူ့ဆီကနေ သူ့ဆရာရဲ့ အကြမ်းဆုံးဖြစ်တဲ့ စစ်နတ်ဘုရား မျက်နှာဖုံးက အဲဒီက နန်းတော်ထဲမှာ ရှိတယ်ဆိုပြီး သတင်းရလေတော့ နှစ်ယောက်သား ဝင်ခိုးဖို့ လုပ်ပါလေရော။ အဲဒီမှာတင် သူတို့ခိုးတာ အောင်မြင်မလား ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးရဲ့ သရုပ်မှန်ကရော ဘာလဲ သူ့ အတိတ်ဆိုးကရော ဘာလဲ ဘာကြောင့် ဒါတွေကို ဖျက်ဆီးချင်နေရတာလဲဆိုပြီး စွန့်စားခန်းထွက်မှာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ လက်ရှိ ခုထွက်ထားတဲ့အပိုင်းတွေအရတော့ တော်တော်လေး မိုက်နေတာမို့ ကျွန်တော်နဲ့အတူ အပတ်စဉ် စောင့်မျှော်အားပေးလိုက်ရအောင်လား....။
ဇာတ်ကားကြည့်ရန်