Oscar ဆုရှင်မင်းသမီးကြီး Michelle Yeoh နဲ့ မင်းသားချောလေး Liu Hao Ranတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ ရုဘစ်ကုဗတုံးအားကစားပြိုင်ပွဲမှာ အသက်အရွယ်ဟာကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတဲ့အကြောင်း ပြသသွားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ အသက်(၇၀)အရွယ် အသက်ကြီးလာပြီဆိုပေမယ့် လူငယ်ထပ်တောင် သန်တုန်းမြန်တုန်းဖြစ်တဲ့ ထစ်ကနဲရှိဒေါသထွက်တတ်တဲ့ ဆတ်ဆတ်ကျဲ အဘွားကျောက်ယန့်ဟုန်ဟာ မတရားမှုကိုခေါင်းငုံ့မခံတတ် ဘယ်တော့မှအရှုံးမပေးတဲ့ ခေါင်းမာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာမှာနေထိုင်ရင်း ငြီးငွေ့စရာကောင်းတဲ့ဘဝမှာ အမြဲဆန်းသစ်တဲ့အရာတွေကိုလုပ်ဆောင်လိုတဲ့ စိတ်ဓာတ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် ပါရမီရှင်ရုဘစ် ကုဗတုံးပြိုင်ပွဲချန်ပီယံ ဝူယိုဝေကတော့ ဘဝကိုအရက်နဲ့မျှောရင်း ပေါ့ပေါ့ဆဆနေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ဆန့်ကျင်ဘက်ဖြစ်တဲ့သူတို့နှစ်ယောက် မထင်မှတ်ပဲဆုံမိတဲ့အခါမှာတော့ ဆရာတပည့်အဖြစ်ပေါင်းစည်းသွားခဲ့ပါတယ်။ ရောင်စုံရုဘစ်တုံးအပေါ်စွဲလမ်းသွားတဲ့ အဘွားကျောက်ယန့်ဟုန်ဟာ ဆရာဖြစ်သူ သူငယ်ချင်းနဲ့ မိသားစုရဲ့အားပေးမှုနဲ့အတူ ကမ္ဘာ့ရုဘစ်ပြိုင်ပွဲစင်မြင့်ကို တက်လှမ်းဖို့ကြိုးစားပါတော့တယ်။ တလွဲပြိုင်ဖက်တွေ ရယ်မောဖွယ်ရာအလွဲအမှားတွေကြုံတွေ့ရင်း ရုဘစ်ကုဗတုံးလေးတစ်တုံးမှနေတစ်ဆင့် ကိုယ့်ဘဝရဲ့ အတားအဆီးတွေကိုဖယ်ရှားရင်း အိပ်မက်နဲ့ဘဝဖြစ်နိုင်ချေတွေကို ပြန်လည်ပုံဖော်သွားမယ့် ခွန်အားဖြည့်ရုပ်ရှင်ကားကောင်းပဲဖြစ်ပါတယ်။ Filesize : 1.69 GB / 938 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy and Drama Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်