ဇာတ်လမ်းတွဲ / 2008Star Wars: The Clone WarsStar Wars: The Clone Wars - တကယ့် Star Wars Fan တွေ လုံးဝမလွတ်သင့်တဲ့ Masterpiece
Season (1, 2) Complete
Star Wars ရုပ်ရှင်တွေကို ကြည့်ဖူးပြီးပြီဆိုရင် Prequel ရုပ်ရှင်တွေ (Episode 1, 2, 3) အပေါ် ပရိသတ်တွေကြား သဘောထားကွဲလွဲတာလေးတွေ ရှိတာ သတိထားမိမှာပေါ့။ ဒါပေမဲ့ အဲဒီ Prequel ခေတ်ကြီး တစ်ခုလုံးကို အသက်ပြန်သွင်းပေးပြီး Star Wars လောကကို အကျယ်ကြီး ချဲ့ကားပေးလိုက်တာကတော့ Dave Filoni ဖန်တီးခဲ့တဲ့ The Clone Wars (TCW) အန်နီမေးရှင်း စီးရီးပါပဲ။
ဒီစီးရီးရဲ့ Timeline က ရုပ်ရှင် Episode II: Attack of the Clones နဲ့ Episode III: Revenge of the Sith ကြားက ၃ နှစ်တာ ကာလလေးမှာ ဖြစ်ပျက်ခဲ့တာပါ။
Episode 2 မှာ ကလုံးစစ်ပွဲကြီး စတင်ခဲ့ပြီး Episode 3 မှာတော့ Anakin Skywalker တစ်ယောက် အမှောင်ဘက် (Dark Side) ကို ကူးပြောင်းသွားတယ်ဆိုတာကို ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာက အချိန်တိုတော့ "Anakin တစ်ယောက် ဘာလို့ ဒီလောက် အစွန်းရောက်သွားတာလဲ" ဆိုတာ နည်းနည်း ဟာနေသလို ခံစားရနိုင်တယ်။
TCW စီးရီးက အဲဒီ ဟာကွက်ကို အပြည့်အဝ ဖာထေးပေးလိုက်တာပဲ။ Obi-Wan နဲ့ Anakin တို့ ဆရာတပည့်ကြားက သံယောဇဉ် ဘယ်လောက်နက်ရှိုင်းလဲ၊ ဂျဒိုင်းကောင်စီ (Jedi Council) ရဲ့ လုပ်ရပ်တွေအပေါ် Anakin ရဲ့ ယုံကြည်မှု ဘယ်လို တဖြည်းဖြည်း ပျက်ယွင်းလာလဲဆိုတာကို အတွဲ ၇ ခုစာ အချိန်ယူပြီး အသေအချာ ရိုက်ပြသွားတာပါ။ ဒီစီးရီးကြည့်ပြီးမှ Episode 3
ဇာတ်ကားကြည့်ရန်