IMDb Rating – 5.9 /10, Rotten Tomatoes 82% စပိုင်/အက်ရှင်ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုရနှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ Citadel (၂၀၂၃) ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အီတာလျံစပိုင်ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - ‘ဒီယာနာ’နဲ့ ‘ဆာရာ’တို့ရဲ့ မိဘနှစ်ပါးဟာ ၂၀၁၇ ခုနှစ်မှာ ပဲရစ်ကနေ မီလန်ကိုအလာ အပ်လ်တောင်တန်းပေါ်မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီယာနာက စိတ်ထဲတနုံ့နုံဖြစ်နေတဲ့အတွက် လိုက်လံစုံစမ်းတဲ့အခါ သူမကို Citadel အေးဂျင့်တစ်ယောက်က ဆက်သွယ်လာပါတော့တယ်။ သူမထင်သလိုပဲ လေယာဉ်ပျက်ကျမှုက ချို့ယွင်းချက်ကြောင့် ပျက်ကျတာမဟုတ်ဘဲ ဖောက်ခွဲတိုက်ခိုက်ခံရတာပါ။ ( ဒီနေရာမှာ Citadel ဆိုတာနဲ့ပတ်သက်ပြီး အေးဂျင့်ဘက်က သူမကိုရှင်းပြခဲ့တာက - ကမ္ဘာပေါ်မှာ ထောက်လှမ်းရေးအဖွဲ့မှန်ရင် နိုင်ငံတွေကို စစ်မီးမငြိမ်းအောင် လုပ်မယ်/ အစိုးရတွေကို ဖြုတ်ချနိုင်တယ်/ အကြမ်းဖက်-တိုက်ခိုက်မှုဆိုတာကလည်း သူတို့နဲ့သိပ်မကင်းပြန်ဘူး/ ပြိုင်ဘက်အဖွဲ့တွေကိုလည်း သုတ်သင်ရှင်းလင်းတတ်ပါသေးတယ်။ ဒီတော့ လူတစုက Citadel ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီကို တည်ထောင်လိုက်တယ်။ Citadel အေဂျင်စီဟာ ဘယ်သူဌေး ဘယ်နိုင်ငံရဲ့ လက်အောက်မှာမှ မရှိဘဲ ကမ္ဘာကြီးပိုမိုငြိမ်းချမ်းပြီး လုံခြုံဘေးကင်းစေဖို့ဆိုတဲ့ မူဝါဒကိုပဲ ဖော်ဆောင်ရမှာပါ။ ) လေယာဉ်ပျက်ကျမှုအပြင် ဥရောပ
ဇာတ်ကားကြည့်ရန်