Spice up our love (2024) အပိုင်း ၁ နှင့် ၂ စ/ဆုံး ကဲ ကျွန်တော်တို့ ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့... No gain No love ထဲက side couple လေးဖြစ်တဲ့ နမ်ဂျာယွန်းနဲ့ ဘို့ဂီဟျွန်းတို့ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ နမ်ဂျာယွန်းနဲ့ ဆောယွန်းဆောအဖြစ်... penthouse ဇာတ်ကားထဲက မင်းသမီးချောလေး Han Ji Hyun နဲ့အတူ... ဂန်ဟာဂျွန်းနဲ့ ဘို့ဂီဟျွန်းအဖြစ် Hometown Cha Cha Cha ကားထဲက... မင်းသားချောလေး Lee Sang Yi တို့ အဓိကပါဝင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ယွန်းဘိုရာဆိုတဲ့ကလောင်နာမည်နဲ့ လူကြီးရသဝတ္ထုတွေရေးတဲ့ နမ်ဂျာယွန်းတစ်ယောက်... သူရေးထားတဲ့ ဝတ္ထုထဲကို ရောက်သွားတဲ့အခါမှာတော့ သူ့ဝတ္ထုဇာတ်ကြောင်းထဲက... အဓိကဇာတ်ဆောင်မင်းသမီး ဆောယွန်းဆောအတိုင်း သရုပ်ဆောင်ဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အမျိုးသားဇာတ်ဆောင် သူဌေးသားလေး ဂန်ဟာဂျွန်းဟာ... နမ်ဂျာယွန်းရဲ့ muse သူ့အချစ်ဦး ယောဟာဂျွန်းမဟုတ်ဘဲ သူ့ဝတ္ထုတွေမှာ မကောင်းတဲ့မှတ်ချက်လိုက်ရေးတဲ့သူ... ဘို့ဂီဟျွန်းဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ နမ်ဂျာယွန်းတစ်ယောက်... သူဖန်တီးထားတဲ့ ဝတ္ထုလောကကြီးထဲကနေ ဘယ်လိုထွက်မလဲ။ ဘို့ဂီဟျွန်းတစ်ဖြစ်လည်း... ဂန်ဟာဂျွန်းနဲ့ရော ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး... ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကို ဆက်ဆက်ကြည့်လိုက်ပါဦးနော်။ ဇာတ်လမ
ဇာတ်ကားကြည့်ရန်