Ranma ½ (2024) IMDB – 7.9/10, MyAnimeList – 8/10 အသစ်အသစ်တွေ ဘယ်လောက်ထွက်ထွက် Retro vibe နဲ့ ရှေးဟောင်းလေးတွေကောင်းရင် ဘယ်သူမှ မမှီနိုင်ဘူးဆိုတာ ဒါကသက်သေပါပဲ။ အဲဒီလိုပြောလို့ ရှေးခေတ်တုန်း ထွက်ထားတဲ့ကောင် မဟုတ်ပါဘူး အောက်တိုဘာ ၂၀၂၄ ကမှ ထွက်ရှိထားတာပါ ဒါပေမဲ့လည်း အသစ်မဟုတ်ပြန်ပါဘူး။ နားရှုပ်သွားပြီထင်တယ် ဒီလိုပါ၊ မူရင်း Manga ကိုတော့ နာမည်ကျော် Inuyasha တို့ Urusei Yatsura တို့ကို ရေးသားခဲ့တဲ့ ဆရာမ Rumiko Takahashi ပဲ ၁၉၈၇ ခုနှစ်မှာ ဖန်တီးထားတာပါ။ နောက်ပြီးတော့ အဲဒါကိုပဲ ၁၉၈၉ ခုနှစ်မှာ Anime အဖြစ် အသက်သွင်းခဲ့ကြပါသေးတယ် ကျွန်တော်တို့တောင် မမွေးသေးဘူးပေါ့ ပြောရမယ်ဆို။ ဒီလိုနဲ့ အခု နှစ်တွေအများကြီးကြာမှ နာမည်ကျော် စတူဒီယို MAPPA ကနေ ပြန်လည်မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ မူရင်း Anime ထက်ကောင်းမကောင်းဆိုတာတော့ အပေါ်က Rating တွေသာ ကြည့်လိုက်ဗျာ အလကားပေးထားတာ မဟုတ်ဘူးရယ်။ 80 Retro Vibe ပီပီ သူ့ Anime ရုပ်လေးတွေက တစ်မျိုးမူကွဲနေပြီ း ပိုချစ်စရာကောင်းတယ်လို့ ခံစားရတယ်။ ဇာတ်လမ်းလေးကလည်း တစ်ပိုင်းပြီး တစ်ပိုင်း မရပ်ချင်ရလောက်အောင် အူတက်လုနီးပါး ခွီနေရပြီး ဆက်တိုက်ဆွဲဆောင်သွားတာမျိုးပါ။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို….။ Ranma တို့အဖေက သူ့သူငယ်ချင်းအရင်းကြီးနဲ့ ကတိတစ်ခု လုပ်ထားတာရှိတယ်။ အဲဒါကတော့ သူ့သား Ranma နဲ့ ဟိုဖက်ကလူကြီးရဲ့ သမီးနဲ့ ပေးစားဖို့
ဇာတ်ကားကြည့်ရန်