* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ယခုတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1984 ခုနှစ်က ထွက်ရှိခဲ့တဲ့ Splash ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဇာတ်ကားကြည့်ရတာကို နှစ်သက်သူတွေ မသိသူမရှိတဲ့ ကမ္ဘာကျော်သရုပ်ဆောင်မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင် ပါ၀င်သရုပ်ဆောင်ထားတာမို့ အထူးတလည်ညွှန်းပေးစရာမလိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အစမှာတော့ အယ်လန်တို့ မိသားစုဆိုဟာ ကိတ်ကော့ဒ်ဆိုတဲ့ကျွန်းဆွယ်လေးမှာ အပန်းဖြေခရီးထွက်နေတာပါ။ ဒါပေမယ့် ရုတ်တရက် အယ်လန်ဟာ သင်္ဘောပေါ်ကနေ ပင်လယ်ထဲကို ပြုတ်ကျသွားတဲ့အချိန်မှာ ရေထဲမှာ ကောင်မလေးတစ်ယောက်ကို မြင်လိုက်ပါတယ်။ ဒါပေမယ့်ငယ်ရွယ်သေးတဲ့အယ်လန်ရဲ့စကားကို ဘယ်သူ့မှမယုံပဲ ဒီတိုင်းပြီးသွားပါတယ်။ ဒီလိုနဲ့ အယ်လန်အရွယ်ရောက်လာတဲ့အခါ အဖေဖြစ်သူရဲ့လုပ်ငန်းဖြစ်တဲ့သစ်သီးဒိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ပါတော့တယ်။ အစ်ကိုဖြစ်သူဖရက်ဒီကတော့ မိန်းမလိုက်စားပြီး မိန်းမကျမ်းကြေနေပေမယ့် အယ်လန်ကတော့ relationship တစ်ခုကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုတောင် မသိတဲ့လူတစ်ယောက်ပါ။ သူ့နှလုံးသားက မခံစားတတ်ဘူးလို့ အယ်လန် တွေးထားပေမယ့် ဘ၀အတွက် အမျိုးသမီးတစ်ယောက်ကိုတော့ အသည်းအသန်လိုချင်နေတဲ့သူပါ။ ဒါနဲ့ပဲ သူ ငယ်ငယ်က မတော်ဆဆဖြစ်ခဲ့တဲ့ကိတ်ကော့ဒ်ကျွန်းဆွယ်ဆီကို ပြန်သွားတဲ့အချိန်မှာ ကံဆိုးပြီး လှေနစ်ပါတော့တယ်။ ဒါပေမယ့် အယ်လန် သတိရလာတဲ့အခါမှာ ဘေးကိုကြည့်လိုက်တော့ ကုန်းပေါ်ရောက်နေပြီး ရေ
ဇာတ်ကားကြည့်ရန်