By Any Means [2026] ++++++++++++ By Any Means (၂၀၂၆) ရုပ်ရှင်ကားလေးကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တကယ့်သမိုင်းဝင် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ မှုခင်းနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ကားလေးပါ။ ဇာတ်လမ်းက ၁၉၆၀ ပြည့်လွန်နှစ်တွေက အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစ္စပီ ပြည်နယ်မှာ အခြေတည်ထားပါတယ်။ အဲဒီအချိန်က တောင်ပိုင်းမှာ လူဖြူကြီးစိုးရေးဝါဒီ ကူကလပ်ကလန် အဖွဲ့တွေက လူမည်းတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အချိန်ပေါ့။ ၁၉၆၄ ခုနှစ် နွေရာသီမှာ လူမည်း အခွင့်အရေး လှုပ်ရှားသူ ၃ ယောက် ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ကနေ ဇာတ်လမ်းစတင်ပါတယ်။ ဒီအမှုတွေကို စုံစမ်းဖို့ အက်ဖ်ဘီအိုင် က လူမည်း အေးဂျင့် ဝိန်းစတရိုက်ဒါ ကို တာဝန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒေသခံရဲတွေကရော၊ လူထုကပါ အကြောက်တရားကြောင့် ပူးပေါင်းမပါဝင်ကြပါဘူး။ တရားဥပဒေလမ်းကြောင်းအရ သွားလို့ မရတော့တဲ့အဆုံး အက်ဖ်ဘီအိုင် က နယူးယောက်က နာမည်ကြီး မာဖီးယား လူသတ်သမား ဂရက်ဂ် စကားပါး ကို လျှို့ဝှက် ငှားရမ်းပြီး စတရိုက်ဒါ နဲ့ တွဲဖက်ပေးလိုက်ပါတယ်။ တကယ့် သမိုင်းမှတ်တမ်းတွေအရလည်း အပြင်က ဂရက်ဂ် စကားပါး ဟာ အက်ဖ်ဘီအိုင် သတင်းပေးအဖြစ် အလုပ်လုပ်ခဲ့ပြီး ကူကလပ်ကလန်တွေကို နှိမ်နင်းရာမှာ ဒီလိုပဲ လျှို့ဝှက်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ စတရိုက်ဒါ က ဥပဒေဘောင်ထဲကနေ သန့်သန့်ရှင်းရှင်း အလုပ်လုပ်ချင်ပေမဲ့၊ မ
ဇာတ်ကားကြည့်ရန်